နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ဆေးစစ်မှုပြုလုပ်

April 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပေကျင်းမြို့၌ဖွင့်လှစ်ထားသည့် မြန်မာပြခန်းအားလေ့လာ  (ဓာတ်ပုံ)   

  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပေကျင်း အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံနဲ့  ပန်းမန်ဥယျာဉ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ပြပွဲမှာ ပါဝင်ပြသတဲ့ မြန်မာပြခန်းအား လေ့လာကြည့်ရှုခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အဆိုပါပြပွဲမှာ မြန်မာအပါအ၀င်  နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေက ပြခန်းပေါင်း ၁၁၀ လောက် ခင်းကျင်းပြသထားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပေကျင်းမှာ ကျင်းပတဲ့  ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆာင်ရွက်ရေး ဖိုရမ် တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး တရုတ်ခရီးစဉ်အပြီး ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက်သွားရောက်မှာပါ။ ဓာတ်ပုံ - MOFA
3 years Ago

October 3, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ဆေးစစ်မှုပြုလုပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးမှာ ဒီကနေ့ ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီဆေးစစ်မှုကို ဓာတ်ခွဲ၊ ဓာတ်မှန်နှင့် မှန်ပြောင်းကြည့်ဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အချိန် ၁ နာရီခွဲလောက် ကြာမြင့်ခဲ့တာပါ။ ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက "ကျန်းမာရေး ကောင်းပါတယ်။ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ MRI နဲ့ X-Ray နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်" လို့ ပြောပါတယ်။ MRI ကတော့ ဓာတ်ရောင်ခြည်အန္တရာယ် လုံးဝမရှိဘဲ စွမ်းအားမြင့် သံလိုက်ဓာတ် အသုံးပြုတဲ့ ခေတ်မီစက်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော၊ အရိုးအကြော အဆစ်နဲ့ ရင်ခေါင်း၊ ဝမ်းအတွင်း စစ်ဆေးပေးတဲ့ ကြည်လင်ပြတ်သားသော ပုံရိပ်ဖော်စက်ကြီး ဖြစ်ပါတယ်။  
5 years Ago
Up