နိုင်ငံသားတဦးကို ခေါင်းဖြတ်ခဲ့သည့် ဖိလစ်ပိုင် စစ်သွေးကြွများကို ကနေဒါဝန်ကြီးချုပ် ဆန့်ကျင်

A d v e r t i s e m e n t With Us

April 26, 2016

နိုင်ငံသားတဦးကို ခေါင်းဖြတ်ခဲ့သည့် ဖိလစ်ပိုင် စစ်သွေးကြွများကို ကနေဒါဝန်ကြီးချုပ် ဆန့်ကျင်

ဖိလစ်ပိုင်နိုင်ငံက အစ္စလာမ္မစ် စစ်သွေးကြွတွေ ပြန်ပေးဆွဲထားတဲ့ ကနေဒါ နိုင်ငံသားတဦးကို ခေါင်းဖြတ် သတ်ဖြတ်လိုက်တဲ့အတွက် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒေါက ဆန့်ကျင်လိုက်ပြီး သွေးအေးတဲ့ လူသတ်မှုတခုအဖြစ် ပြောလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလက အသက် ၆၈ နှစ်အရွယ် ဂျွန်ရစ်ဒယ်ကို တခြား ၃ ဦးနဲ့အတူ နိုင်ငံခြားသားတွေ တည်းခိုနေတဲ့ တည်းခိုခန်းကနေ အစ္စလာမ္မစ် စစ်သွေးကြွ အဘူဆေရပ် အုပ်စုက ခေါ်ဆောင်သွားပါတယ်။ နိုဝင်ဘာလမှာ ဖမ်းထားတဲ့သူ ၃ ဦးနဲ့ ရစ်ဒယ်တို့နဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို ထုတ်ဝေပြီး ပေါင် သန်း ၈၀ တောင်းဆိုခဲ့ပါတယ်။ ဧပြီ ၂၅ ရက်မှာတော့ ပြန်ပေးဆွဲသမားတွေ သတ်မှတ်ပေးထားတဲ့ရက်မှာ ငွေမပေးတဲ့အတွက် ဂျိုလိုးက ဝေးလံခေါင်သီတဲ့နေရာမှာ ခေါင်းပြတ်တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပြန်ပေးဆွဲငွေပေးတာ ဆန့်ကျင်တဲ့ မူဝါဒကို ကနေဒါအစိုးရက လက်ကိုင်ထားတယ်လို့ ကနေဒါ သတင်းတပုဒ်က ဖော်ပြပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ ဒါဟာ နိုင်ငံခြားသားတဦးရဲ့ ဦးခေါင်းဖြစ်ပြီး ဘယ်သူဖြစ်သလဲ ဆိုတာတော့ အတည်မပြုခဲ့ပါဘူး။ ကနေဒါအစိုးရကတော့ ဖမ်းထားသူ ၃ ဦးထဲမှာ ကျန်နေတဲ့ ကနေဒါ၊ နော်ဝေနဲ့ ဖိလစ်ပိုင်နိုင်ငံသား တဦးတို့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
5 years Ago
Up