နိုင်ငံသား

August 1, 2018

အာသံပြည်နယ်တွင် နေထိုင်သည့် လူ ၄ သန်းခန့်ကို အိန္ဒိယအစိုးရ နိုင်ငံသားစိစစ်မှု လုပ်ဆောင်မည်

ဘင်္ဂလားဒေ့ရှ်ကနေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ နေထိုင်နေကြတဲ့ လူ ၄ သန်းနီးပါးကို အိန္ဒိယအစိုးရက နိုင်ငံသားစိစစ်မှု လုပ်ဆောင်သွားမယ်လို့ ဇူလိုင် ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီလူ ၄ သန်းဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ကို ၁၉၇၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရောက်ရှိနေထိုင်ကြတာဟုတ်၊ မဟုတ် အိန္ဒိယအစိုးရက စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အခုလို နိုင်ငံသားစိစစ်မှုဟာ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို သတ်မှတ်ဖော်ထုတ်ဖို့ ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ပြောကြားပါတယ်။ ဒါပေမယ့် သူတို့ကို အဆောတလျင် နိုင်ငံပြန်ပို့တာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း  ဆက်လက်ပြောကြားပါတယ်။ အခုထုတ်ပြန်ထားတဲ့ စာရင်းမှာ ပါဝင်တဲ့ လူ ၄ သန်းဟာ အဆင့်ဆင့် အယူခံဝင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဟာ ပါကစ္စတန်နိုင်ငံကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာခဲ့တာကြောင့် စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အိန္ဒိယနိုင်ငံဘက်ကို လူ သန်းနဲ့ချီ ထွက်ပြေးသွားခဲ့ပြီး အဲဒီအထဲက အများစုဟာ အာသံပြည်နယ်မှာ အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up