နိုင်ငံလက်ရွေးစင်အသင်း

October 29, 2017

နိုင်ငံလက်ရွေးစင်အသင်း ကိုင်တွယ်လိုဟု မော်ရင်ဟိုပြော

နိုင်ငံလက်ရွေးစင်အသင်းတသင်းကို ကိုင်တွယ်ခွင့်ရချင်တယ်လို့ မန်ယူနည်းပြမော်ရင်ဟိုက ၀န်ခံပြောကြားလိုက်ပါတယ်။ အသက် ၅၄ နှစ်ရှိ ပေါ်တူဂီနည်းပြ မော်ရင်ဟိုက နည်းပြသက်တမ်း ၂၃ နှစ် ကြာမြင့်ပြီ ဖြစ်ပေမယ့် ကလပ်အသင်းတွေမှာသာ နည်းပြတာဝန်ယူခဲ့သူဖြစ်ပြီး နိုင်ငံလက်ရွေး စင်အသင်းကို တာဝန်ယူ ကိုင်တွယ်ခြင်းမရှိသေးပါဘူး။ မော်ရင်ဟိုအနေနဲ့ ၂၀၀၇ ခုနှစ်က အင်္ဂလန်လက်ရွေးစင်နည်းပြဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့် သူ့ရဲ့ဇနီးက သဘောမတူတဲ့အတွက် လက်လွှတ်ခဲ့ရဖူးပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းတသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ယူရိုပြိုင်ပွဲတွေမှာ ပွဲအတွေ့ အကြုံတွေ ရယူချင်တယ်လို့လည်း မော်ရင်ဟိုကပြောပါတယ်။ ဒါပေမယ့် လိဂ်ပြိုင်ပွဲဟာ မာရသွန်ပြိုင်ပွဲနဲ့ တူပြီး လိဂ် ၄ ခုမှာ ချန်ပီယံဆုရယူဖူးတဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း မော်ရင်ဟိုက ဆိုပါတယ်။
3 years Ago
Up