နိုင်ငံတ၀န်း ကျေးရွာ

February 4, 2018

နိုင်ငံတ၀န်း ကျေးရွာ စာကြည့်တိုက်များ ဖွင့်လှစ်ပေးရန် လိုအပ်

နိုင်​ငံတ၀န်းရှိ ​ကျေးရွာ​တွေမှာ စာကြည့်တိုက်​​တွေ ဖွင့်လှစ်​​ပေးဖို့ လိုအပ်​တယ်​လို့  မြင်းခြံမြို့ အမျိုးသားလွှတ်​​တော်​ကိုယ်​စာလှယ်​ ဦး​အောင်​မျိုးလတ်​က ​ပြောဆိုလိုက်​ပါတယ်။ မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​၊ ကန်​ဆင့်​(​တောင်​) ရွာမှာ ​ဖေ​ဖော်​ဝါရီ ၃ ရက်​​နေ့က ​မောင်​စွမ်းရည်​ အမည်​ရှိ ​ကျေးရွာ စာကြည့်တိုက်​ဖွင့်လှစ်​ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်​မှာ မန္တ​လေးတိုင်း​ဒေသကြီး ​ဒေသဖွံ့ဖြိုး​ရေး ရန်ပုံ​ငွေနဲ့ မြင်းခြံမြို့နယ်ရှိ ကံရွာ၊ ရွာသာယာရွာ၊ ကန်​ဆင့် (​တောင်​) ရွာတို့ကို မတည်​​ငွေ ကျပ်​ ၃၅ သိန်း ထည့်ဝင်​ပြီး ပြည်​သူတွေရဲ့ လှူဒါန်း​ငွေတွေနဲ့ တည်​​ဆောက်​ပြီး စာကြည့်တိုက်​​တွေ ဖွင့်လှစ်​​စေခဲ့တာလည်း ဖြစ်​ပါတယ်​။ အမျိုးသားလွှတ်​​တော်​ကိုယ်​စာလှယ်​ ဦး​အောင်​မျိုးလတ်​က “ကျ​နော်​တို့ နိုင်​ငံရဲ့ ​နေရာအနှံ့အပြား​တွေရှိ ​ကျေးရွာတွေကို စာကြည့်တိုက်​​တွေ အများကြီး ​ပေါ်ထွန်းဖို့လိုအပ်​ပါတယ်​။ လက်​ရှိ နိုင်ငံမှာ ​ရှိပြီးသား စာကြည့်တိုက်​​တွေကလည်း ဖွင့်ပြီး အားလုံး ပြန်​ပိတ်​ထားတာက များ​နေပါတယ်​။ စာကြည့်တိုက်​​တွေ ​ရေရှည်​အသက်​ဝင်​ဖို့နဲ့ ​ရေရှည်​လည်​ပတ်​နိုင်​ဖို့က အများကြီး လိုအပ်​​နေပါ​သေးတယ်​။ လက်​ရှိ ကျ​နော်​တို့နိုင်​ငံ ပြုလုပ်​​နေတဲ့ ပြုပြင်​​ပြောင်းလဲ​ရေးအပိုင်းမှာလည်း ​ရေရှည်​ ခိုင်​မာအား​ကောင်းဖို့ဆိုရင်​ ပညာ​ရေး ပြုပြင်​​ပြောင်းလဲမှု မှန်​ကန်​ဖို့က အ​ရေးကြီး လိုအပ်​ပါတယ်​။ ပညာ​ရေး ပြုပြင်​​ပြောင်းလဲဖို့ဆိုရင်​ စာကြည့်တိုက်​​တွေလည်း အထူးလိုအပ်​ပါတယ်​” လို့ ပြောပါတယ်။ မြင်းခြံမြို့နယ်​မှာ ​ကျေးရွာ​ပေါင်း ၁၈၆ ရွာ ရှိပြီး စာကြည့်တိုက်​ ဖွင့်လှစ်​ထားတဲ့ ​ကျေးရွာဟာ ၂၂ ရွာ ဖွင့်လှစ်​ထားခဲ့တယ်​လို့ သိရပါတယ်​။ ကန်​ဆင့် (​တောင်​)ရွာ မှ ကို​ဇော်​ရဲထက်​က “စာကြည့်တိုက်​ ​ရေရှည်​ဆက်​သွားဖို့က အများကြီး လိုအပ်​ပါ​သေးတယ်​။ ခု စာကြည့်တိုက်​ဖွင့်တယ်​ဆို​ပေမယ့် စာအုပ်​​တွေ မပြည့်စုံ​သေးပါဘူး။ ​ကျောင်းပညာ​ရေးနဲ့ ဒီ​ခေတ်​မှာ မလုံ​လောက်​​သေးပါဘူး။ ပြင်​ပစာ​ပေ​တွေလည်း ​လေ့လာမှ အ​တွေးအ​ခေါ်​တွေ ​ပြောင်းလဲလာနိုင်​မှာပါ။ ပြင်​ပစာ​ပေ ဗဟုသုတအ​နေနဲ့ လွတ်​လပ်​စွာ ဖတ်​ခွင့်ရှိတယ်​ဆိုရင်​ အဲဒီအတွက်​ သူတို့ရဲ့ အ​တွေးအ​ခေါ်​တွေ ​ပြောင်းလဲလာလိမ့်မယ်​လို့ ယုံကြည်​တဲ့အတွက်​ မြန်​မာနိုင်​ငံမှာရှိတဲ့ ​ကျေးရွာ​တွေထဲက ဖွင့်သင့်တဲ့ ​ကျေးရွာ​တွေကို စာကြည့်တိုက်​​တွေ ဖွင့်ပေး​စေချင်​ပါတယ်​” လို့ သူက ​ပြောပါတယ်​။ ကန်​ဆင့် (​တောင်​) ရွာ ​မောင်​စွမ်းရည်​ စာကြည့်တိုက်​ဖွင့်ပွဲအကြိုညမှာ စာ​ရေးဆရာ ဦးကို​လေး (အင်းဝဂုဏ်​ရည်​)၊ ဆရာညီ​စေမင်း၊ ဆရာ ​မောင်​မှိုင်းလွင်​ (အင်းဝ) တို့က စာ​ပေအ​ကြောင်း ​ဟော​ပြောခဲ့ကြတာလည်း ဖြစ်​ပါတယ်​။ ​မောင်​စွမ်းရည်​ စာကြည့်တိုက်​ဖွင့်ပွဲကို မြင်းခြံမြို့ရှိ အမျိုးသားလွှတ်​​တော်​ ကိုယ်​စားလှယ်တွေ၊ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စာလှယ်တွေ​၊ ဆရာ​တော်​ သံဃာ​တော်​တွေ၊ မြင်းခြံ NLD ပါတီဝင်​များ၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးများ၊ ဆရာကြီး သခင်​ကိုယ်​​တော်​မှိုင်း (ငြိမ်းချမ်း​ရေးကွန်​ယက်​ မြင်းခြံ) နဲ့ ​ကျေးရွာပြည်သူ​ စုစု​ပေါင်း ၃၀၀ လောက် တက်​​ရောက်​ခဲ့ကြပါတယ်။ ရီရီထွန်း (မြင်းခြံ )
4 years Ago
Up