နိုင်ငံတကာ ဖလားဖိတ်ခေါ်ပြိုင်ပွဲ ချဲလ်ဆီး ၆-၅ ပီအက်စ်ဂျီ (ရုပ်သံဟိုက်လိုက်)

July 26, 2015

နိုင်ငံတကာ ဖလားဖိတ်ခေါ်ပြိုင်ပွဲ ချဲလ်ဆီး ၆-၅ ပီအက်စ်ဂျီ (ရုပ်သံဟိုက်လိုက်)

အမေရိကန်နိုင်ငံမှာ ဇူလိုင် ၂၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာ ချန်ပီယံဖလား ပြိုင်ပွဲမှာ ချဲလ်ဆီးက ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ၂ သင်းစလုံး လူစုံထုတ် ယှဉ်ပြိုင်သွားပြီး တိုက်စစ်မှူး ဖာကာအို ချဲလ်ဆီးအတွက် ပွဲဦးထွက် ပါဝင် ကစားသွားပါတယ်။ ပီအက်စ်၈ျီအတွက် ဦးဆောင်ဂိုးကို ၂၅ မိနစ်မှာ တိုက်စစ်မှူး အီဗာရာဟီမိုဗစ်ခ်ျက သွင်းယူပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီ မိုရာရဲ့ ထိုးဖောက် ကန်သွင်းချက် တော်တော်များများကို ချဲလ်ဆီး ဂိုးသမား ဘီဂိုဗစ် လက်စွမ်းပြ ကာကွယ်နိုင်လို့ ဂိုးသက်သာရာ ရနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကိုတော့ ၆၄ မိနစ်လောက်မှာ မိုဆက်က သွင်းယူပါတယ်။ မိနစ် ၉ ၀ အထိ ၁ ဂိုးစီ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ချဲလ်ဆီးက ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ချဲလ်ဆီးဟာ ဇူုလိုင် ၂၉  ရက်နေ့မှာတော့ ဘာစီလိုနာနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Sport Chelsea Win
6 years Ago
Up