နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်ကို ပေးထားသည့် စပွန်ဆာ အက်ဒီးဒက်စ် ဖျက်သိမ်းမည်

January 26, 2016

နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်ကို ပေးထားသည့် စပွန်ဆာ အက်ဒီးဒက်စ် ဖျက်သိမ်းမည်

အားကစားပစ္စည်းတွေ ထုတ်လုပ်တဲ့ အက်ဒီးဒက်စ် (Adidas) ကုမ္ပဏီဟာ နိုင်ငံတကာ ပြေးခုန်ပစ်အဖွဲ့ချုပ်ကို ပေးထားတဲ့ စပွန်ဆာတွေကို နှစ်ဦးသဘောတူ ဖျက်သိမ်းတော့မှာ ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြနေပါတယ်။ အက်ဒီးဒက်စ်နဲ့ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ကြားက ၁၁ နှစ် သဘောတူစာချုပ် သက်တမ်းဟာ ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် စောပြီး ဖျက်သိမ်းလိုက်တာပါ။ ပြေးခုန်ပစ်အဖွဲ့ချုပ်ဟာ လတ်တလောမှာ ကစားသမားတွေ တားမြစ်ဆေး သုံးစွဲတာကို သိလျက်သားနဲ့ ခွင့်ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေပါတယ်။ အကျိုးဆက်အနေနဲ့ ပြေးခုန်ပစ်အဖွဲ့ချုပ်က နာမည်ဆိုးတွေ ထွက်နေတဲ့အတွက် အက်ဒီးဒက်စ်က သန်းပေါင်းများစွာတန်တဲ့ စပွန်ဆာတွေကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဘီဘီစီသတင်းမှာတော့ စပွန်ဆာ စာချုပ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး ၁ နှစ်ကို အမေရိကန်ဒေါ်လာ ၈ သန်း ၀န်းကျင်လောက်ရှိကြောင်း ဆိုထားပါတယ်။ ရိုက်တာသတင်းကတော့ အခုသတင်းနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုထားပါတယ်။
6 years Ago
Up