နိုင်ငံတကာလေကြောင်းပြပွဲ

July 21, 2018

နိုင်ငံတကာလေကြောင်းပြပွဲတွင် ဘိုးရင်းနှင့်အဲဘတ်စ် လေယာဉ် မှာယူမှုများ

လေယာဉ်ထုတ် ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဘိုရင်းနဲ့ အဲဘတ်စ်တို့ဟာ ၂ဝ၁၈ ဖန်းဘရော့ နိုင်ငံတကာ လေကြောင်းပြပွဲမှာ ခရီးသည်တင်နဲ့ ကုန်တင်လေယာဉ်တွေ မှာယူမှုတွေ ရရှိခဲ့ပါတယ်။ ဇူလိုင်လ ၂ဝ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ ၅ ရက်ကြာ ဒီပြပွဲမှာ ဘိုရင်းနဲ့ အဲဘတ်စ်တို့ဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၁၄ဝ တန်ဖိုးရှိတဲ့ စီးပွားရေးလုပ်ငန်းသုံးလေယာဉ် အစင်း ၉ဝဝ ကျော် ထုတ်လုပ်ပေးဖို့ မှာယူမှုတွေ ရခဲ့တာပါ။ အဲဘတ်စ်ကတော့ လေယာဉ် ၄၃၁ စင်း အမှာစာရခဲ့ပြီး အဲဒီထဲက ၃ဝ၄ စင်းဟာ A320 အမျိုးအစား လေယာဉ်ဖြစ်ပါတယ်။ ဘိုရင်းကတော့ ကုန်သွယ်ပမာဏ အမေရိကန် ဒေါ်လာ ၇၉ ဘီလျံအထိ ရခဲ့ပါတယ်။ ဘိုရင်းလေယာဉ်တွေထဲမှာ Boeing 737 MAX လေယာဉ်ကို လေကြောင်း လိုင်းတခုတည်းကနေ ဒေါ်လာ ၁၂ ဘီလျံကျော်ဖိုးအထိ မှာယူမှုရှိခဲ့ပါတယ်။ ဒါ့ပြင် ဘိုရင်းရဲ့ Embraer S.A ကို လေးရက်အတွင်း ဒေါ်လာ ၁၅ ဘီလျံဖိုး မှာယူမှုရှိခဲ့ပါတယ်။ စွမ်းအင်နဲ့ ခရီးသည်အခန်းတွေ ပုံစံတွေကို ပြင်ဆင်ထားတာကြောင့် ဒီလေယာဉ်အမျိုး အစားကိုပြပွဲ ဒုတိယနေ့မှာ အစင်းရေ ၂ဝဝ အထိ မှာယူမှုရှိခဲ့ပါတယ်။ လာမယ့်အနှစ် ၂ဝ အတွင်း စီးပွားရေးလုပ်ငန်းသုံး လေယာဉ် ဈေးကွက်မှာ လေယာဉ်လိုအပ်မှု အစင်းရေ သုံးသောင်းကနေ လေးသောင်းကြားရှိမယ်လို့ ခန့်မှန်းချက်တွေအရ သိရပါတယ်။
3 years Ago
Up