နိုင်ငံတကာကုန်စည်ပြပွဲ

May 24, 2016

မြောက်ကိုရီးယားတွင် နွေဦးရာသီ နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပ

မြောက်ကိုရီးယားနိုင်ငံရဲ့ ၁၉ ကြိမ်မြောက် နွေဦးရာသီ နိုင်ငံတကာ ကုန်စည်ပြပွဲကို မေ ၂၃ ရက်နေ့က မြို့တော် ပြုံးယမ်းမှာ စတင်ကျင်းပတယ်လို့ အစိုးရပိုင်ရုပ်သံက ကြေညာပါတယ်။ အစိုးရပိုင်ရုပ်သံက ပေးပို့ခဲ့တဲ့ ရုပ်သံဖိုင်မှာ ကော်ဇောတွေ၊ ကွန်ပျူတာတွေနဲ့ မြင်ကွင်းကျယ် ရုပ်မြင်သံကြား စတဲ့ ကုန်ပစ္စည်းတွေကို ခင်းကျင်းပြသထားပြီး လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေတာ တွေ့ရပါတယ်။ မြောက်ကိုရီးယား နည်းပညာကုမ္ပဏီတခုက ထုတ်လုပ်တဲ့ ဒီဂျစ်တယ် ရုပ်မြင်သံကြားတွေကိုလည်း ခင်းကျင်းပြသထားတာ တွေ့ရပါတယ်။ ကုန်စည်ပြပွဲမှာ နိုင်ငံတကာကုမ္ပဏီ အများအပြား လာရောက်ပြသကြပြီး နယူးဇီလန်၊  သြစတြေးလျ၊ အီတလီ၊ ဂျာမနီ၊ ရုရှား၊ မလေးရှား၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ အီရန်နဲ့ ကျူးဘား စတဲ့နိုင်ငံတွေ ပါဝင်တယ်လို့ ကေစီအန်အေ အစိုးရပိုင်ရုပ်သံက ပြောပါတယ်။ ကုန်စည်ပြပွဲကို မေလ ၂၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
6 years Ago
Up