နိုင်ဂျီးရီးယားတွင် ဗလီနှင့်အဆောက်ဦတခုတွင် အသေခံဗုံးခွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

October 18, 2015

နိုင်ဂျီးရီးယားတွင် ဗလီနှင့်အဆောက်ဦတခုတွင် အသေခံဗုံးခွဲ (ရုပ်သံ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဒေသ ဘော်နိုပြည်နယ်မှာ  ဗလီတလုံးနဲ့ လူနေအဆောက်အဦတလုံးတို့မှာ အသေခံ ဗုံးခွဲတိုက်ခိုက်လိုက်လို့ ၃၆ ဦး သေဆုံးသွားပါတယ်။ ဘော်နိုပြည်နယ်ဟာ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ စတင်ပေါ်ပေါက်ခဲ့တဲ့ ပြည်နယ် ဖြစ်ပါတယ်။ မေလမှာ သမ္မတ မွတ်ဟာမက် ဘူဟာရီ တက်လာတဲ့နောက်ပိုင်း ဘိုကိုဟာရမ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁ ထောင်ဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က ပြည်နယ်မြို့တော် မိုင်ဒူဂူရီမြို့ဆင်ခြေဖုံးမှာ  ရှိတဲ့ ဗလီအပြင်ဘက်မှာ အသေခံဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲပြီး ၂၉ ယောက်သေဆုံးပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းကလည်း မနီးမဝေးနေရာမှာပဲ နောက်ထပ်ဗုံးတလုံးပေါက်ကွဲပြီး ၆ ဦး သေဆုံးသွားတယ်လို့ ဆေးအဖွဲ့က ပြောပါတယ်။ ဗုံးခွဲသမားလည်း သေဆုံးပြီး ၁၇ ဦး ဏ်ရာရသွားပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့ကမှ တာဝန်ယူ ကြေညာတာ မရှိသေးပါဘူး။
5 years Ago
Up