နိုက်စ်အသင်း

August 22, 2018

တိုက်စစ်မှူး ဘာလော့တယ်လီ နိုက်စ်အသင်းတွင် ဆက်ကစားမည်

အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ နိုက်စ်အသင်းမှာပဲ ဆက်ကစားတော့မယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ ဘာလော့တယ်လီဟာ နိုက်စ်အသင်းကနေ ထွက်ခွာပြီး မာဆေးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။ နိုက်စ်အသင်းရဲ့ ရာသီကြို ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ နိုက်စ်နည်းပြသစ် ဗီအဲရာ ကိုယ်တိုင်ကလည်း ဘာလော့တယ်လီအနေနဲ့ အသင်းပြောင်းဖို့ ရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ဘာလော့တယ်လီနဲ့ နိုက်စ်အသင်းတို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပြီး အသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မန်စီးတီးနဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီဟာ နိုက်စ်အသင်းမှာ ၄၃ ဂိုးအထိ သွင်းယူပေးထားပါတယ်။
3 years Ago

June 12, 2018

နိုက်စ်အသင်း နည်းပြအဖြစ် ဗီအဲရာကို ခန့်အပ်

ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းက နည်းပြသစ်အဖြစ် အာဆင်နယ် ကစားသမားဟောင်း ပက်ထရစ် ဗီအဲရာကို ခန့်အပ်လိုက်ပါတယ်။ နည်းပြ ဗီအဲရာဟာ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအက်ဖ်စီ အသင်းကို လမ်းခွဲပြီး အသင်းသစ်ကို ပြောင်းရွှေ့သွားတာပါ။ အသက် ၄၁ နှစ်အရွယ် ဗီအဲရာဟာ အာဆင်နယ်နည်းပြအဖြစ် အူနိုင်း အမ်မရီကို မခန့်ခင်တုန်းက အာဆင်နယ်နည်းပြဖြစ်ရေး ရေပန်းစားသူတွေထဲ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟောင်း ဗီအဲရာဟာ နည်းပြဘဝကို မန်စီးတီး လူငယ်အသင်းနဲ့ စတင်ခဲ့တာပါ။ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဗီအဲရာဟာ ပြင်သစ်အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရရှိထားပါတယ်။ သူ့ရဲ့အသင်းသစ် နိုက်စ်ဟာ ပြီးခဲ့တဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
3 years Ago
Up