နိုက်ဂျီးရီးယား

A d v e r t i s e m e n t With Us

May 12, 2019

နိုက်ဂျီးရီးယားတွင် ကလေးစစ်သား ၉၀၀ ခန့် ပြန်လွှတ်

ဘိုကိုဟာရမ်တွေအပေါ် ဆင်နွှဲတဲ့စစ်ပွဲမှာ အသုံးပြုခဲ့တဲ့ ကလေးအယောက် ၉၀၀ နီးပါးကို နိုက်ဂျီးရီးယားအစိုးရနဲ့ မဟာမိတ်ပြုထားတဲ့ ဒေသဆိုင်ရာ ပြည်သူ့စစ်အဖွဲ့တဖွဲ့က မေလ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုပြန်လွှတ်ပေးတဲ့အတွက် စုစုပေါင်း ပြန်လွှတ်ပေးတဲ့ ကလေးငယ် အရေအတွက် ၁၇၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ကြေညာချက် ထုတ်ပြန်ပါတယ်။ အစ္စလာမ္မစ် ဘိုကိုဟာရမ်တွေကို တိုက်တဲ့စစ်ပွဲအတွင်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ၂၀၁၃ ကနေ ၂၀၁၇ အတွင်း ကလေး ၃၅၀၀ ကျော်ကို စစ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ UNICEF က ဆိုပါတယ်။ အဲဒီကလေးငယ်တွေ ပြန်လွှတ်ပေးတဲ့ အခမ်းအနားကို နိုင်ငံအရှေ့မြောက်ပိုင်း မိုင်ဒူဂါရီမြို့မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို နိုက်ဂျီးရီးယားနိုင်ငံဆိုင်ရာ UNICEF အကြီးအကဲ နဲ့ ဆွစ်ဇာလန် သံအမတ်ကြီးတို့ တက်ရောက်ကြပါတယ်။ ဘိုကိုဟာရမ်အပါအ၀င် နိုက်၈ျီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေထဲကို စုစုပေါင်း ကလေးဘယ်နှယောက် ခေါ်ယူပြီး အဲဒီကလေးတွေကို စစ်သားအဖြစ် ဘယ်လို စုဆောင်းခဲ့လဲဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
2 years Ago

September 24, 2016

အသက် ၂၅ နှစ်အရွယ် နိုက်ဂျီးရီးယားအမျိုးသမီး အာဂန်ဂူမြို့၏ ခေါင်းဆောင်ဖြစ်လာ

နိုက်ဂျီးရီးယားမြောက်ပိုင်း မူဆလင်အများစုနေထိုင်တဲ့မြို့မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်ဟာ အာဏာပိုင် ခေါင်းဆောင်တဦးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အနောက်မြောက်ဘက်ပြည်နယ်ဖြစ်တဲ့ ကက်ဘီပြည်နယ်ရဲ့အာဂန်ဂူမြို့မှာ ဟင်ဒတူအူမာဟာ အသက်အငယ်ဆုံးနဲ့ ပထဦးဆုံး အမျိုးသမီးတဦးအဖြစ် ဒီခေါင်းဆောင်နေရာအတွက် ရွေးချယ်ခံခဲ့ရတာပါ။ သူမဟာ မြို့ရဲ့ ပထဦးဆုံး အိမ်ထောင်မရှိတဲ့ အမျိုးသမီး ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။ ဘီဘီစီရဲ့ သတင်းထောက်ဖြစ်သူ နိုက်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ အက်ဘ်ဒူလဟီကူရကတော့ သူမဒီလိုရွေးချယ်ခံရတာဟာ ပထဦးဆုံးအကြိမ်ဖြစ်ပြီး ထူးခြားမှုဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အချို့ဒေသခံတွေ ဘီဘီစီကို ပြောတာကတော့ မစ်စ်အူမာဟာ “အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူး” လို့ဆိုပါတယ်။ သူမရဲ့ပထမရာထူးက လက်ထောက်ဥက္ကဋ္ဌဖြစ်ပြီး၊ ဒေသခံဥက္ကဋ္ဌရဲ့အချိန်ကာလ ကုန်ဆုံးပြီးသွားတဲ့နောက်မှာ သူမရာထူးတိုးခံလိုက်ရတာပါ။ ဘီဘီစီရဲ့ သတင်းထောက်ပြောတာကတော့ နိုက်ဂျီးရီးယားမြောက်ပိုင်းက အမျိုသမီးတွေဟာ အိမ်မှာပဲနေလေ့ရှိကြပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဌာနတွေမှာ လုပ်ဆောင်ခဲတယ်လို့လည်း ပြောပါတယ်။ အာဂန်ဂူမြို့ဟာ နိုက်ဂျီးရီးယားမြောက်ပိုင်းရဲ့ ရှေးအကျဆုံးနဲ့ အကြီးဆုံးမြို့တွေထဲက တခုဖြစ်ပြီး ဒီမြို့ရဲ့ နှစ်စဉ်ငါးဖမ်းပွဲတော်ကြောင့် နာမည်ကျော်ကြားပါတယ်။
4 years Ago
Up