နုရင်ဘတ်

April 29, 2019

ဂျာမန်ဘွန်ဒတ်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်နှင့် နုရင်ဘတ် ၁ ဂိုးစီသရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိင်သွားတဲ့ ဂျာမန် ဘွန်ဒတ်စ်လီဂါမှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်း အဝေးကွင်းမှာ နုရင်ဘတ်နဲ့ တဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ အိမ်ရှင် နုရင်ဘတ်အတွက် ဦးဆောင်ဂိုးကို ၄၈ မိနစ်မှာ ပီရဲရားက သွင်းယူပါတယ်။ နုရင်ဘတ်အသင်းဟာ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးကို ၇၅ မိနစ်ကျမှ နာဘရီက သွင်းယူပါတယ်။ ဒီပွဲမှာ ဘိုင်ယန်အသင်း ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် နုရင်ဘတ်က အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ဘိုင်ယန်ကစားသမား ဖျက်တာကြမ်းလို့ ပယ်နယ်တီ ပေးလိုက်ရပါတယ်။ အဲဒီပယ်နယ်တီကို နုရင်ဘတ် ကစားသမား အသုံးမချနိုင်လို့ တဂိုးစီ သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဘိုင်ယန်ကလည်း အပိုင်နီးပါး အခွင့်အရေး ထပ်ရပေမယ့် ဂိုးသွင်းမသေချာခဲ့ပါဘူး။ ဒီပွဲသရေကျလို့ ဘိုင်ယန်မြူးနစ်က ၇၁ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက ဒေါ့မွန်နဲ့ ၂ မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။
2 years Ago
Up