နုတ်ထွက်ရန်

April 1, 2019

နုတ်ထွက်ရန် တောင်းဆိုခဲ့သည့် ပရိသတ်များကို ချဲလ်ဆီးနည်းပြ ဆာရီ တုံ့ပြန်

အသင်းကနေ နုတ်ထွက်သွားဖို့ ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ ဆာရီက ပရိသတ်တွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကာဒစ်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ချဲလ်ဆီးပရိသတ်တချို့က ဆာရီရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့ကြပြီး အသင်းကနေ နုတ်ထွက်သွားဖို့လည်း အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအော်ဟစ်သံတချို့ကို ပွဲချိန်အတွင်းမှာ သတိထားမိပြီး  အဲဒီလိုအပြုအမူမျိုးကို လွန်ခဲ့တဲ့ ၄၅ နှစ်လောက်ကတည်းက ကြုံတွေ့နေကျဖြစ်တာကြောင့် ပြဿနာမရှိဘူးလို့ ဆာရီက ဆိုပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးတဲ့အထိ စောင့်ကြည့်ပြီးမှ ဝေဖန်တာကတော့ အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်တယ်လို့ ဆာရီက ပြောကြားသွားခဲ့တာပါ။ အီတလီနည်းပြ ဆာရီဟာ လူစားဝင်ကစားသမား လော့ဖ်တပ်စ်ချိခ်ရဲ့ ပွဲပြီးခါနီး သွင်းဂိုးကြောင့် အနိုင်ရခဲ့လို့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up