နိုဗက်ဂျိုကိုဗစ်

March 22, 2016

ATP Indian Wells တင်းနစ်ဗိုလ်လုပွဲတွင် နိုဗက်ဂျိုကိုဗစ် ဗိုလ်စွဲ

အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ATP Indian Wells တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ် အနိုင်ရသွားပါတယ်။ နံပါတ် ၁ ဂျိုကိုဗစ်က ကနေဒါက မီလို့စ် ရိုနစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ပြိုင်ပွဲမစခင်ကတည်းက ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားသူလည်း ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဂျိုကိုဗစ်က ပြိုင်ဘက်ဟောင်းဖြစ်တဲ့ နဒါးကို ဖြတ်ကျော်လာတာပါ။ ပထမပွဲမှာ ဂျိုကိုဗစ်က ၆ - ၂ နဲ့ အနိုင်ယူပြီး ဒုတိယပွဲမှာ အမှတ်ပြတ် ၆ - ၀ နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂျိုကိုဗစ်အတွက်တော့ Indian Wells ချန်ပီယံဆုကို ၅ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ ဂျိုကိုဗစ်က တင်းနစ်ပြိုင်ပွဲတွေမှာ အမျိုးသားတင်းနစ်သမားတွေကို အမျိုးသမီး တင်းနစ်သမားတွေထက် ပိုပြီး ဆုကြေးငွေ ပေးသင့်တယ်လို့ ပြောဆိုသွားပါတယ်။ အကြောင်းကတော့ အမျိုးသားပွဲစဉ်တွေကို လူကြည့်တာ ပိုများတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုသွားပါတယ်။
6 years Ago
Up