နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်း recycle အနုပညာရှင်​ကိုစန်း​ဇော်​​ထွေး၏ ဈာပန

January 2, 2018

နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်း recycle အနုပညာရှင်​ကိုစန်း​ဇော်​​ထွေး၏ ဈာပန (ဓာတ်ပုံ)

  အကျဉ်း​ထောင်​ထဲမှာ ၁၃ နှစ်​​ကျော်​​နေထိုင်​ခဲ့ရတဲ့ နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်း recycle အနုပညာရှင်​ ကိုစန်း​ဇော်​​ထွေးရဲ့ ​ဈာပန အခမ်းအနားကို ဇန်နဝါရီ ၂ ရက်​​နေ့က ပြုလုပ်​ခဲ့ပါတယ်။ ​အကျဉ်း​ထောင်​ထဲမှာ ​နှစ်​ရှည်​လများ​နေထိုင်​ခဲ့ရပြီး ကင်​ဆာ​ဝေဒနာ​ကြောင့် ၂၀၁၇ ခု ဒီဇင်ဘာ ၃၁ ရက်နေ့က ​ကွယ်​လွန်​ခဲ့တာ ဖြစ်​ပါတယ်​။ ကိုစန်း​ဇော်​​ထွေးဟာ အကျဉ်း​ထောင်​ထဲမှာ​ရော အကျဉ်း​ထောင်​ပြင်​ပမှာပါ ကဗျာ​တွေ၊ ပန်းချီ​ပေါင်းများစွာ ဖန်​တီးခဲ့သူတဦးဖြစ်​ပါတယ်​။ ကိုစန်း​ဇော်​​ထွေးဟာ ၁၉၉၉ ခုနှစ်​မှာ အကျဉ်းကျခံခဲ့ရတာ ဖြစ်​ပြီး၊ ၂၀၁၃ ခုမှာ အကျဉ်း​ထောင်​ထဲက​နေ ပြန်​လည်​လွတ်​​မြောက်​လာခဲ့ကာ ထောင်က လွတ်ပြီး ၅နှစ်အကြာမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်​။ ကိုစန်း​ဇော်​​ဌေးရဲ့​ နောက်​ဆုံးခရီးမှာ နိုင်​ငံ​ရေးအသိုင်းဝိုင်း၊ အနုပညာအသိုင်းဝိုင်းနဲ့ ပရဟိတ အသိုင်းအဝိုင်းက မိတ်ဆွေတွေ လိုက်​ပါပို့​ဆောင်​ခဲ့ပါတယ်။
3 years Ago
Up