နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​​တို့အား ​တွေ့ဆုံ

February 2, 2017

ထိုင်း ဒုတိယဝန်​ကြီးချုပ်​မှ နိုင်​ငံ​တော်​သမ္မတနှင့် နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​​တို့အား ​တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dr. Somkid Jatusripitak အဖွဲ့နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က သင်္ဂဟဟိုတယ်မှာ တွေ့ဆုံပြီး နေ့လယ်စာ စားသုံးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖွဲ့ဟာ မနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမဆောင်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ ထူထောင်ဖို့၊ အခြေခံအဆောက်အဦးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
4 years Ago
Up