နိုင်ငံ​ရေးအကျဉ်းသား​​ဟောင်း ​​ဦးတင်မောင်တိုး ဈာပန လူ​ထောင်​ချီ ပို့​ဆောင်

A d v e r t i s e m e n t With Us

July 7, 2019

နိုင်ငံ​ရေးအကျဉ်းသား​​ဟောင်း ​​ဦးတင်မောင်တိုး ဈာပန လူ​ထောင်​ချီ ပို့​ဆောင်

ရှမ်းပြည်နယ်​တောင်ပိုင်း ​​တောင်ကြီးမြို့မှ ရှမ်းပြည်​​နိုင်ငံရေး အကျဉ်းသားဟောင်း၊ အန်အယ်လ်ဒီပါတီ ​တောင်​ကြီးခရိုင်​ ဥက္ကဋ္ဌ​ဟောင်း ဦးတင်မောင်တိုး (ကိုတိုး) ဈာပနအခမ်းအနားကို ဇူလိုင်​လ ၆ ရက်​ ​တောင်​ကြီးမြို့ ဟိန္ဒူသုဿန်​မှာ ကျင်းပခဲ့ပါတယ်​။ နိုင်​ငံ​ရေးပါတီအသီးသီး၊ ရှမ်းပြည်​နိုင်​ငံ​ရေး အကျဉ်းသား​ဟောင်းအဖွဲ့၊ လွှတ်​​တော် ​ကိုယ်​စားလှယ် ဦးတင်​​မောင်​တိုးကို ချစ်​တဲ့ ပြည်​သူ တ​​ထောင်​ဝန်းကျင်​ လိုက်​လံပို့​ဆောင်​ ခဲ့ကြတာပါ။ ဦးတင်​​မောင်​တိုးဟာ ဇူလိုင်လ ၃ ရက်နေ့ ည ၇ နာရီအချိန်မှာ ၉၆ ပါး​ရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်​ပါတယ်​။ ဦးတင်မောင်တိုး (ကိုတိုး) ဟာ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှ စတင်ပြီး ရှမ်းပြည်နယ် ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သလို တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးပြီး နိုင်ငံရေးတာဝန် အသီးသီးကို ကိုယ်ကျိုးအတွက် မငဲ့ဘဲ ဆောင်ရွက်ခဲ့သူဖြစ်သူဖြစ်​ပါတယ်​။ ဒါ့အပြင်​ ရှမ်းပြည်​ရှိ ပြည်​သူလူထု မတရားခံရမှု​တွေ လိုက်​လံကူညီ​ဆောင်​ရွက်​​ပေးသလို ပြည်​သူလူထု​ရှေ့မှာ တစိုက်​မတ်​မတ်​ ရပ်​တည်​​ပေးသူ၊ ပြည်​သူရဲ့ အခက်​ခဲကို ​ဆောင်​ရွက်​​ပေးသူလည်းဖြစ်ပါတယ်​။ ဈာပနအခမ်းအနားမှာ ဦးတင်​​မောင်​တိုးကို ဂုဏ်​ပြုတဲ့အ​နေနဲ့ အာဇာနည်​ သီချင်းသီဆိုခြင်း၊ နာ​ရေးတီးလုံး တ​ယောထိုးခြင်း၊ လွမ်းသူ့ပန်း​ခွေချခြင်း၊ ဖ​ယောင်းတိုင်​ မီးထွန်းခြင်း၊ ဆု​တောင်းစကား​ပြောခြင်း​တွေ ပြုလုပ်​ခဲ့ပါတယ်​။ ခွန်​ရာဇာ
2 years Ago
Up