နိုင်ငံခြားသား

March 9, 2019

နိုင်ငံခြားသား ကျပျောက်သည့် ခရီးဆောင်အိတ်ကို ကောက်ရ ဒေသခံ ပြန်ပေး

နိုင်​ငံခြားသားခရီးသွား နှစ်​ဦးဟာ ပြီးခဲ့တဲ့ မတ်​လ ၆ ရက်​​နေ့က မိမိတို့နဲ့အတူ သယ်​​ဆောင်​လာ​တဲ့ ခရီး​​ဆောင်​အိတ်​ဟာ လမ်းမ​ပေါ်မှာ​ ကျ​ပျောက်​ဆုံးခဲ့ရာ ​တွေ့ရှိသူ​ဒေသခံက ပြန်​လည်​​ပေးအပ်​ခဲ့တယ်​လို့ မြင်းခြံမြို့မ ရဲစခန်းက သိရပါတယ်​။ မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​၊ မြင်းခြံကနေ ပုဂံ​ညောင်​ဦးသို့ သွားရာ ကားလမ်းမ​ပေါ်တွင်​ ကမ္ဘာလှည့်​ ခရီးသွားဖြစ်​တဲ့ နယ်​သာလန်​နိုင်​ငံသား Mr-Willen Griffioen နဲ့ အခြားသူတဦးတို့ဟာ ဆိုင်​ကယ်​ဖြင့်​ စီးနင်းလာခဲ့ရာ လမ်းမ​ပေါ်မှာ​ သယ်​​ဆောင်​လာ​တဲ့ ခရီး​ဆောင်​အိတ်​ ကျ​ပျောက်​ခဲ့တာ ဖြစ်​ပါတယ်​။ မြင်းခြံမြို့မ ရဲစခန်းမှ ဒုရဲအုပ်​ နိုင်​ဝင်းထွန်း ​ပြောတာက “ဒီ နိုင်​ငံခြားသား နှစ်​ဦးက မြင်းခြံက ဖြတ်​ပြီး ပုဂံ​ညောင်​ဦးကို သွားကြတာပါ။ သူတို့ပါလာတဲ့ ခရီး​ဆောင်​အိတ်​က လမ်းမှာ ကျ​ပျောက်​ခဲ့လို့ဆိုပြီး ကျ​နော်​တို့ စခန်းကို လာအ​ကြောင်းကြားတာပါ။ ကျ​နော်​တို့ကလည်း သူတို့ ကျ​ပျောက်​ခဲ့တဲ့ အသုံးအ​ဆောင်​ ပစ္စည်းစာရင်း​သေချာမှတ်​ထားပြီး၊ မြင်းခြံမှာဘာ​တွေဖြစ်​​နေလဲ ​ဖေ့စ်ဘွတ်ခ်​စာမျက်​နှာမှာ အချက်​အလက်​ပြည့်​စုံ​အောင်​​ရေးပြီး တင်​လိုက်​​တော့ ပစ္စည်းအိတ်​ ​ကောက်​ရသူက ဆက်​သွယ်​လာလို့ ပိုင်​ရှင်​ဖြစ်​တဲ့ နယ်​သာလန်​နိုင်​ငံခြာသားကို မတ်​လ ၈ ရက်​​နေ့က ပြန်​လည်​​ပေးအပ်​ ခဲ့တယ်​” လို့ ဒီဗွီဘီ ကို​ပြောပါတယ်​။ ခရီး​ဆောင်​အိတ်​ ​တွေ့ရှိသူမှာ မြင်းခြံခရိုင်​၊ ​တောင်​သာမြို့နယ်​၊ မင်းကြိုကျေးရွာက ကို​ကျော်​လင်းဖြိုးနဲ့ ညီမ ဝမ်းကွဲ​တော်​စပ်​သူ မထားထားနွယ်​တို့ နှစ်​ဦးဖြစ်​ကြပြီး၊ ​တွေ့ရှိစဉ်​ကတည်းက ပိုင်​ရှင်ဆီကို ပြန်​လည်​ဆက်​သွယ်​ပြီး ​ပေးအပ်​ဖို့ ကြိုးစားခဲ့ကြတယ်​လို့ ဆိုပါတယ်​။ ​ဖေ့စ်ဘွတ်ခ်​စာမျက်​နှာမှာ အ​ကြောင်းအရာပါလာတာမို့ မြင်းခြံမြို့မရဲစခန်းကို လူကိုယ်​တိုင်​ လာ​ရောက်​အပ်​နှံခဲ့တာလို့ သိရပါတယ်​။ ခရီး​ဆောင်​အိတ်​ထဲမှာ ခရီးသွား ပတ်​စပို့ တစ်​ခု၊ Drone တစ်​ခု၊ US dollor (200)Kyats ၊ Sony Camer တလုံးနဲ့ အညို​ရောင်​ပိုက်​ဆံအိတ်​တအိတ် တို့ပါတယ်လို့ သိရပါတယ်။ သတင်း-ရီရီထွန်း (မြင်းခြံ) ဓာတ်​ပုံ-မြင်းခြုံမြို့မရဲစခန်း
2 years Ago

November 2, 2018

ဥပဒေနှင့်မညီသော မြန်မာအပါအ၀င် နိုင်ငံခြားသား ၇၃၀ ကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ဥပဒေနဲ့အညီနေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို x-ray outlaw foreigner  စီမံချက်ချပြီး စစ်ဆေးဖမ်းဆီးရာမှာ ဒီတခေါက်တော့ ထိုင်းတနိုင်ငံလုံးရှိ နေရာပေါင်း ၂၃၈ နေရာကို စစ်ဆေးခဲ့ပြီး ဥပဒေနဲ့မညီသူ ၇၃၀ ဦးကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဒီတကြိမ်စီမံချက်မှာ ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာပြီး ခရက်တစ်ကတ်အတု အပပြုလုပ်ခြင်း၊ လိမ်လည်လက်ထပ်ပြီး လက်ထပ်စာချုပ်အတုလုပ်တာ၊ စိန်နဲ့ကျောက်မျက်ရ တနာအတု လိမ်လည်ရောင်းချတာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း စတဲ့ ကျူးလွန်မှုတွေအပြင် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးတာ စတာတွေကို အဖွဲ့စုံပူးပေါင်းပြီး နိုင်ငံခြားသားတွေ နေထိုင်ကျက်စားလေ့ရှိတဲ့ နေရာပေါင်း ၂၃၈ နေရာကို  စစ်ဆေးခဲ့တယ်လို့ ထိုင်းလ၀က ရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး အစ်ထိဖုန်း အစ်ထိဆန်ချိုင်းက ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ စစ်ဆေးချက်မှ ဥပဒေနဲ့ မညီညွတ်သူ စုစုပေါင်း ၇၃၀ ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ ဗီဇာ (နေထိုင်ခွင့်သက်တမ်း ) ကျော်လွန်သူ ၄၂ ဦး (မြန်မာ ၁၅ ဦး ၊ အိန္ဒိယ ၈ ဦး ၊ ကမ္ဘောဒီးယား ၆ ဦး၊ ဗီယက်နမ် ၃ ဦး၊ လာအို ၂ ဦး၊ ဂွန်ဂို ၁ ဦး၊ အမေရိကန် ၁ ဦး၊ အီရတ် ၁ ဦး၊ တရုတ် ၁ ဦး၊ ဂျပန် ၁ ဦး ၊ နိုင်ဂျီးရီးယား ၁ ဦး၊ ပြင်သစ် ၁ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံထဲတရားမ၀င် ၀င်ရောက်နေထိုင်သူပေါင်း ၃၉၈ ဦးရှိပြီး အဲဒီထဲမှာ မြန်မာ ၂၇၇ ဦး၊ ကမ္ဘောဒီးယား ၅၈ ဦး၊ လာအို ၄၈ ဦး၊ ဗီယက်နမ် ၄ ဦး၊ အိန္ဒိယ ၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂ ဦး၊ နယ်သာလန် ၁ ဦး၊ တရုတ် ၁ ဦး နဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦးတို့ ပါဝင်ပါတယ်။ ဆက်လက်ပြီး မိမိအိမ်ရာအဆောက်အဦတွင်း နိုင်ငံခြားသားများ လာရောက်တည်းခိုပါက သက်ဆိုင်ရာကို ၂၄ နာရီအတွင်း အကြောင်းကြားရမယ်ဆိုတဲ့ ဥပဒေအတိုင်း မလိုက်နာသူ  ၈၃ ဦး၊ နိုင်ငံထဲမှာ တရားဝင်နေထိုင်ခွင့်ရပေမယ့် မိမိရောက်ရှိတည်းခိုတဲ့နေရာကို သက်ဆိုင်ရာအား အကြောင်းကြားရန် ပျက်ကွက်သူ ၆၂ ဦး၊ ခွင့်ပြူချက်မရတဲ့ အလုပ်မှာ ၀င်ရောက်လုပ်ကိုင်သူ ၆၉ ဦး နဲ့ အခြားအထွေထွေပြစ်မှုကျူးလွန်သူ ၇၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒုလ၀ကရဲချုပ်ကြီးက ပြောသွားပါတယ်။ ထိုင်းနိုင်ငံမှာ x-ray outlaw foreigner  စီမံချက်အရ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ ဒီတကြိမ်ပါဆိုရင် အကြိမ်ပေါင်း ၃၈ ကြိမ်ရှိသွားပြီဖြစ်ပြီး နေရာပေါင်း ၅၃၀၉ နေရာမှ ဥပဒေနဲ့ မညီညွတ်သူ နိုင်ငံခြားသား ၄၂၃၁ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုရဲချုပ်ကြီးက ပြောသွား ပါတယ်။
2 years Ago
More News
Up