နိုင်ငံရေးအကျဉ်းသားဟောင်းများကို အစိုးရ ပစ်ပယ်ထားဟု ကိုမင်းဇေယျာ ပြော

July 24, 2019

နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် သံဃာတော် တွေကို ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၄ ရက်က မန္တလေးမြို့ မိုးကောင်းကျောင်းတိုက် အလယ်ရွှေကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကာလနဲ့ ၁၉၉၁ ခုနှစ် ပတ္တနိက္ကစ္စနကံဆောင် သပိတ်မှောက်တဲ့ သံဃာ့အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ မန္တလေးတိုင်းက နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာ ၄၆ ပါးကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးတင်ကိုဦးကပြောပါတယ်။ မိုးကုတ်မြို့ ရေပူဆရာတော်အရှင်ဣန္ဒကက “အင်မတန်ကို ဝမ်းသာပါတယ်။ ဘာလို့လဲ ဆိုတော့ နေရာအသီးသီး၊ ဒေသအသီးသီးက ကွဲပြားနေကြတဲ့ ပုဂ္ဂိုလ်တွေ သူတို့ရဲ့ တူရာတူရာ ယုံကြည်ချက်တွေကို လာစုကြတာ နှစ်တိုင်း နှစ်တိုင်းလည်း ဒီလို လုပ်မယ်ဆိုရင် နေရာ အသီးသီးမှာ ကွဲပြားနေတဲ့ သဘောထားတွေနဲ့  ပုဂ္ဂိုလ်တွေ ဒီနေရာမှာ လာပြီးတော့ တူညီမှုနဲ့ ပေါင်းစပ်ကာ နိုင်ငံအတွက် တခုခု လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်တယ်။ အဲဒါကြောင့်မို့ ကွဲပြားမှု မရှိပဲ ပေါင်းစပ်ပေးတဲ့အတွက် ပွဲစီစဉ်သူအားလုံးကို အထူးကျေးဇူးတင်တယ်”လို့ မိန့်ကြားပါတယ်။ ဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ စုပေါင်း ကျင်းပတာဖြစ်ပါတယ်။ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့အတူ တိုင်း ဒေသကြီး အစိုးရဝန်ကြီးနဲ့အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန် မန္တလေးက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအင်အားစုတွေ တက်ရောက် ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
2 years Ago

September 23, 2018

နိုင်ငံရေးအကျဉ်းသားဟောင်းများကို အစိုးရ ပစ်ပယ်ထားဟု ကိုမင်းဇေယျ ပြော

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အစိုးရက သစ်ခုတ်သမားတွေလို ပစ်ပယ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းဇေယျက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့မှာ ဒီနေ့ကျင်းပတဲ့ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်နေ့ စစ်အာဏာရှင်ခေတ် အင်းစိန်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ သမိုင်းဝင် သပိတ်တိုက်ပွဲ ၂၈ နှစ်မြောက် စကားဝိုင်းမှာ အခုလိုပြောကြားခဲ့တာပါ။ “ကျနော်တို့တွေ ၁၉၉၀ ခုနှစ်က အန်အယ်လ်ဒီပါတီအနိုင်ရပြီး စစ်အစိုးရက အာဏာ မလွှဲပေးတဲ့အတွက် ထောင်ထဲမှာ သပိတ်မှောက်ခဲ့တယ်။ အသက်တွေ သွေးတွေ ပေးဆပ်ခဲ့ ရတယ်။ အပြင်ပြန်ရောက်တော့လည်း ရပ်တည်ဖို့အရမ်းခက်ခဲတယ်။ ဘယ်အဖွဲ့အစည်းကမှ မထောက်ပံ့ဘူး။ လက်ရှိအစိုးရကိုလည်း ကျနော်တို့စာတင်ပြီး တောင်းသလို နှုတ်နဲ့လည်း တောင်းဆိုထားတာတွေ ရှိတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကို ထောက်ပံ့ပေးဖို့ ခုချိန်ထိတော့ ဘာမှာဖြစ်မလာသေးဘူး။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အစိုးရက ကျနော်တို့ကို သစ်ခုတ်သမားတွေလို ပစ်ပယ်ထားတယ်"လို့ပြောပါတယ်။ ကြည်မြင်တိုင်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက “လက်ရှိအချိန်မှာ အစိုးရအနေနဲ့ မီးရထားတွဲလိုသွားနေချိန်မှာ အစိုးရအနေနဲ့ အားလုံးကို ဆွဲခေါ်ပြီး သွားနေပေမယ့် ဌာနဆိုင်ရာတွေက လိုက်ပါလာတာ မရှိတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်။ ဒါကို နားလည်ပေးစေချင်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေအသံကိုနားထောင်းပြီး လုပ်ဆောင်ပေးနေပါတယ်" လို့ပြောပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက်အမေ့အိမ် ဥယျာဉ်ခြံမှာ ၂၈ နှစ်မြောက် နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပြီး လူဦးရေ ၄၀ ကျော်တက်ရောက်ခဲ့ပါတယ်။ လက်ရှိ တိုက်ကြီးမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် သစ်တောမြေပေါ်မှာ နိုင်ကျဉ်းတို့ရဲ့ နားခိုရာခေါင်းစဉ်နဲ့ မြေနေရာတောင်းဆိုခဲ့ရာ သစ်တောဦးစီးဌာနက သစ်တောမြေအဖြစ်မှ ၃ ဧကခန့် ပယ်ဖျက်ပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
3 years Ago
Up