နိုင်ငံရေးလှုပ်ရှားမှုများအတွက် ကူညီခဲ့သူကို အမှုမျိုးစုံဖြင့် ဖမ်းဆီးအရေးယူနေ

A d v e r t i s e m e n t With Us

July 14, 2017

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၀၀ ကျော်ရှိနေ

မြန်မာနိုင်ငံတွင်းမှာ  နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း  ၂၀၁၇ ဇွန်လကုန်မှာ  ၂၁၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံက) ထုတ်ပြန်ပါတယ်။ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၁ ဦး အကျဉ်းကျခံနေရပြီး  တက်ကြွလှုပ်ရှားသူ ၄၉ ဦးဟာ  ထောင်တွင်းမှ တရားရင်ဆိုင်နေရကာ ၁၂၂ ဦးကတော့  ထောင်ပြင်ပမှနေပြီး  တရားရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့  တိုင်းရင်းသားဒေသတွေက တိုင်းရင်းသား ၁၅ ဦး၊ လယ်သမား ၈ ဦး၊ သတင်းထောက် ၄ ဦး၊ အယ်ဒီတာ ၁ဦးနဲ့ အရပ်သား ၅ဦးတို့ အပါအဝင် စုစုပေါင်း ၃၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဇွန်လအတွင်း  ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၁၁၄နဲ့  လယ်သမား ၈ ဦး၊ ငြိမ်းစုစည် ဥပဒေ ပုဒ်မ ၁၉နဲ့ လက်ပံတောင်းဒေသခံ လယ်သမား ၄ဦး၊ ကချင်တိုင်းရင်းသား ၂ဦးတရားစွဲခံခဲ့ရတဲ့အပြင် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ သတင်းထောက် ၃ဦး အရပ်သား၃ဦး၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ သတင်းထောက် ၄ဦး၊ အယ်ဒီတာ ၁ဦး၊ အရပ်သား၁ဦး၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၅၃၊ ၂၂၈ တွေနဲ့ လယ်သမားအရေးလှုပ်ရှားသူ ရှေ့နေ၁ဦး စုစုပေါင်း ၂၇ ဦး တရားစွဲဆိုခံခဲ့ရတယ်လို့ အေအေပီပီအဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဓာတ်ပုံ-AAPPB
4 years Ago

March 13, 2016

နိုင်ငံရေးလှုပ်ရှားမှုများအတွက် ကူညီခဲ့သူကို အမှုမျိုးစုံဖြင့် ဖမ်းဆီးအရေးယူနေ

မြစ်ဆုံစီမံကိန်းရပ်တန့်ရေး၊ ကျောင်းသားအရေး လှုပ်ရှားမှုတွေအတွက် ကူညီပေးခဲ့သူ ဦးမောင်မောင်သန်းကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဖမ်းဆီးခဲ့ပြီး အမှုမျိုးစုံနဲ့ တရားစွဲဆိုနေပါတယ်။ အချက်ပေါင်း ၅၀ ကျော်နဲ့ စွပ်စွဲ စစ်ဆေးခဲ့ပေမယ့် မငြိစွန်းတဲ့အတွက် အမှုတွေ တခုပြီး တခု ထပ်တိုးလာတယ်လို့ သူက ပြောပါတယ်။ “အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့တယ် ဆိုပြီးတော့  စ သုံးလုံး၊ ဒန (ဒုစရိုက်နှိမ်နင်းရေး)၊ အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) က ခေါ်ယူစစ်ဆေးတဲ့အခါ ဘာအပြစ်မှ ရှာမတွေ့တာနဲ့ ပိတ်သိမ်းပြီးသား မိသားစု အမှုတစ်ခုကို ရန်ကုန်တိုင်းရဲမှူးရဲ့ ညွှန်ကြားချက်အရ အသက်သွင်းပြီး အင်းစိန်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။” ဦးမောင်မောင်သန်းကို ၂၀၁၅ နှစ်ကုန်ပိုင်းတုန်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ နဲ့ စွပ်စွဲခံထားရပါတယ်။ အခုလို ဦးမောင်မောင်သန်း စွပ်စွဲဖမ်းဆီးခံထားရတဲ့အပေါ်“နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့နေတယ်ဆိုပြီး အမှုပေါင်းမြောက်မြားစွာနဲ့ သူ့ကို တရားစွဲဆိုထားတယ်။ ဒီအမှုတွေ တကယ်တော့ မဟုတ်ပါဘူး။ သူဟာ နိုင်ငံရေးသမားတွေကို ကူညီပံ့ပိုးတာတော့ ဟုတ်ပါတယ်။ အစိုးရကို ဆန့်ကျင်ပြီး ကူညီပံ့ပိုးတာတော့ မဟုတ်ပါဘူး” လို့  မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး လှုပ်ရှားမှုမှာ ပါခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမိုးသူက ပြောပါတယ်။ အခုလို လုပ်တာဟာ နိုင်ငံရေးလုပ်နေသူတွေကို သွယ်ဝိုက်ခြိမ်းခြောက်တာပဲလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ပြောပါတယ်။ “တစ်ကိုင်းမငြိ တစ်ကိုင်းနဲ့ငြိအောင် စွဲထားတဲ့အတွက် တရားခံဘက်ကနေ လုံးဝနစ်နာနေတယ်။ ကျနော်တို့လိုဘဲ နစ်နာခဲ့တဲ့ နိုင်ငံရေးသမားတဦးကို လာပြီး ရပ်တည်ပေးတာဖြစ်ပါတယ်။ မောင်မောင်သန်းကို စွဲထားတဲ့နေရာမှာလည်း စွဲတဲ့နေ့ကနေစပြီး စစ်ဆေးခြင်းမရှိ၊ သူ့ကိုဖမ်းထားတဲ့အတွက် ဒါဟာ မောင်မောင်သန်းအပေါ်တင်မဟုတ်ဘူး မြန်မာတနိုင်ငံလုံးက နိုင်ငံရေး သမားတွေအတွက် အများကြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။” နိုင်ငံရေးလှုပ်ရှားသူတွေကို နောက်ကြောင်းပြန်တရားစွဲဆိုတာတွေ ရှိနေသလို လက်ရှိမှာ ထောင်ကျခံနေရတဲ့ နိုင်ငံရေးသမား အယောက် ၉၀ ရှိပြီး အယောက် ၄၀၀ ကတော့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
5 years Ago
Up