နိုင်ငံတော်အဆင့်အစောင့်တပ် ချထား

April 7, 2018

မက္ကဆီကို နယ်စပ်ကိုစောင့်ကြပ်ရန် တက္ကဆက် နိုင်ငံတော်အဆင့်အစောင့်တပ် ချထား

  အမေရိကန် မက္ကဆီကို နယ်စပ်ကို စောင့်ကြပ်ဖို့ တက္ကဆကနိုင်ငံတော် အစောင့်တပ်ကို စပြီး တပ်ချထားလိုက်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က နိုင်ငံတော် အစောင့်တပ်က တပ်သားတွေဟာ ရဟတ်ယာဉ်တွေနဲ့ အတူ ဧပြီ ၆ရက်နေ့က အော်စတင်မြို့ကနေ ထွက်ခွာသွားပါပြီ။ နယ်စပ်ကင်းလှည့်ရေး အထောက်အပံ့ပေးဖို့ အရန်တပ်ကို သုံးရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆော်သြချက်အရ တပ်ချတာ ဖြစ်ပါတယ်။ နယ်စပ်တွေ လုံခြုံရေးသမ္မတနဲ့ အုပ်ချုပ်ရေးမှူးတို့ရဲ့ ထိပ်တန်းဦးစားပေး လုပ်ရပ်ကို ထောက်ပံ့ဖို့ ခုလို တပ်ချတာလို့ တက္ကဆက် စစ်ဌာနက ဗိုလ်မှူးချုပ် ထရေစီနောရစ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ “၇၂ နာရီအတွင်း တက္ကဆက် စစ်တပ်ဟာ အပေါ့စားနဲ့ အလတ်စား လေယာဉ် ထိန်းသိမ်းစောင့်ရှောက်ရေး စင်တွေ၊ မြေပြင် ကင်းလှည့်စောင့်ကြည့်ရေး ကားတွေနဲ့ အတူ အရာရှိ အယောက် ၂၅၀ ကို ရောက်မယ်၊  နောက်ထပ်တပ်ချဖို့ တက်ဆပ်အစောင့်တပ်က တပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေနဲ့ လေတပ် စစ်သည်တွေ ထပ်ရောက်လာမယ်။” မက္ကဆီကိုနဲ့ နယ်စပ်ဆီကို နိုင်ငံတော်အစောင့်တပ်က တပ်ဖွဲ့ဝင် အယောက် လေးထောင် ကျော် ထပ်ပို့မယ်လို့ သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။ ထရမ့်ရဲ့ ဆော်သြချက်ကို အာခံနေတဲ့ ကာလီဖိုးနီးယား ပြည်နယ်နဲ့လည်း ဆက်ပြီး အလုပ်လုပ်သွားမယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ အလယ်အမေရိက နိုင်ငံတွေက လူများစုပါတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ယာဉ်တန်းတွေနဲ့အတူ မက္ကဆီကိုနိုင်ငံထိ ချီတက်လာနေပြီး အမေရိကန် မက်ဆီကို နယ်စပ်ကနေ အမေရိကန် နိုင်ငံထဲကို ဝင်ဖို့ ကြိုးစားနေလို့ ခုလို စစ်တပ် စေလွှတ်ခဲ့ရတာပါ။ ထရမ့်ရဲ့ တင်းမာတဲ့ စကားတွေက သူတို့ကို အမေရိကန်နိုင်ငံထဲ မဝင်အောင် မတားနိုင်ဘူးလို့ ရွှေ့ပြောင်းနေထိုင် သူတွေက ပြောခဲ့ကြောင်း ရိုက်တာသတင်းဌာနက အစီရင်ခံထား ပါတယ်။
3 years Ago
Up