နိုင်ငံတော်ကာကွယ်ရေးလျှို့ဝှက်ချက် ပေါက်ကြား

October 20, 2015

နိုင်ငံတော်ကာကွယ်ရေးလျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် သံသယရှိသူ ၄ ဦးကို တရုတ်ဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က အထူးစစ်ဆင်ရေးအတွင်း ဒေသခံ ပြည်နယ်လုံခြုံရေး အာဏာပိုင်တွေက သံသယရှိသူ ၄ ဦးကို နိုင်ငံတော် ကာကွယ်ရေး လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ၄ ဦးလုံးဟာ အမျိုးသားကာကွယ်ရေး စစ်တပ်သုံးပစ္စည်း ထုတ်လုပ်ရေးဌာန တဖွဲ့တည်းမှာ အလုပ်လုပ်နေကြတာပါ။ ၂၀၁၄ ခုနှစ်က နိုင်ငံခြားသတင်းစာမှာ လုပ်နေတဲ့ သတင်းထောက် ဆိုသူက စစ်တပ်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပေးရင် တလကို ယွမ်ငွေ ၃၂၀၀ ကနေ တနှစ်ကို ယွမ်ငွေ ၁ ဒသမ ၂ သန်းထိ ပေးမယ့် ကမ်းလှမ်းချက်တွေကို သူတို့က လက်ခံခဲ့တာပါ။ ဒါကြောင့် သူတို့ဟာ စစ်တပ်ထုတ် ကုန်စည်တွေ လစဉ်ထုတ်လုပ်မှုနဲ့ အထူးထုတ်ပစ္စည်းတွေအကြောင်း သတင်းအချက်အလက်တွေကို ပေးခဲ့ကြပါတယ်။ မြင့်မားတဲ့လစာကြောင့် နိုင်ငံခြား သူလျှိုအေဂျင်စီရဲ့ ပစ်မှတ်ဖြစ်လာတဲ့အတွက် အမျိုးသားကာကွယ်ရေး လုံခြုံရေးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာတယ်လို့ တရုတ်မီဒီယာ စီစီတီဗီက အောက်တိုဘာလ ၁၉ ရက်နေ့က အစီရင်ခံခဲ့ပါတယ်။
6 years Ago
Up