နိုင်ငံတကာ လူငယ်များနေ့

August 13, 2018

နိုင်​ငံတကာ လူငယ်​များ​နေ့ပွဲ မကွေးမြို့တွင် ကျင်းပ (ဓာတ်ပုံ)

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးမြို့ရှိ လွတ်​လပ်​​ရေးပန်းခြံမှာ နိုင်​ငံတကာ လူငယ်​များ​နေ့ အခမ်းအနားကို သြဂုတ်​လ ၁၂ ရက်​​နေ့ ညပိုင်းက ကျင်းပပါတယ်။ အခမ်းအနားမှာ ​ဖျော်​​ဖြေ​ရေးအစီစဉ်​တွေ၊ စကားဝိုင်းတွေနဲ့ အထူးစည်​ကား သိုက်​မြိုက်​စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မ​ကွေးတိုင်း​ဒေသကြီး လူငယ်​ကွန်​ရက်​က ကို​ဝေယံ​အောင်​က “လက်ရှိမှာ လူငယ်​​ရေးရာကော်​မတီ​တွေလည်း​ ပေါ်လာပြီ ဖြစ်တယ်။ ဒီလိုပွဲကနေတဆင့် လူငယ်​​တွေရဲ့ အသံကို စုစည်းပြီး​တော့ လူငယ်​​တွေ မူဝါဒ​တွေ ​ဖော်​​ဆောင်​​နေကြတာ ဖြစ်တယ်။ တိုင်း​ဒေသကြီးထဲက မူဝါဒ​တွေကို အ​ကောင်​ထည်​​ဖော်​​ပေးမယ့် မဟာဗျူဟာ အစီအစဉ်တွေကို ​ရေးဆွဲဖို့ သိ​စေချင်​တဲ့အတွက်​ ကျင်းပရတာဖြစ်တယ်”လို့ ပြောပါတယ်​။ ဒီအခမ်းအနားကို မ​ကွေးမြို့ခံ လူငယ်​​တွေနဲ့ လာ​ရောက်​​လေ့လာသူ ၂၀၀၀ ​ကျော်​ တက်​​ရောက်​ကြပါတယ်​။ သတင်း-မင်းထီး
5 years Ago
Up