နိုင်ငံတကာ ချန်ပီယံဖလား မန်ယူ ၀- ၂ ပီအက်စ်ဂျီ (ရုပ်သံ)

July 30, 2015

နိုင်ငံတကာ ချန်ပီယံဖလား မန်ယူ ၀- ၂ ပီအက်စ်ဂျီ (ရုပ်သံဟိုက်လိုက်)

အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ ကစားနေတဲ့ နိုင်ငံတကာ ချန်ပီယံဖလား ပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းက ပြင်သစ် ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် ဂိုးတွေကို ပထမပိုင်း ၂၅ မိနစ်မှာ ဘလေ့ မာတုဒီက အဖွင့်ဂိုးသွင်းယူခဲ့သလို ၃၄ မိနစ်မှာ အီဗဟင်မိုဗစ်ခ်ျက ဒုတိယဂိုးသွင်းယူခဲ့ပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ပထမပိုင်း ပွဲစပြီး ၂ မိနစ်မှာပဲ မန်ယူဂိုးသမား ဒီဂီယာက ဂိုးရှေ့မှာ ပီအက်ဂျီက အီဗဟင်မိုဗစ်ခ်ျကို ဘောလုံး မှားပေးမိပေမယ့် ဂိုး အဖြစ်မဖန်တီးနိုင်ခဲ့ပါဘူး။ ပွဲချိန် ၂၁ မိနစ်မှာ မန်ယူက မာတာ ဂိုးသွင်းယူခဲ့ပေမယ့် ဒိုင်က လူကျွံဘော သတ်မှတ်ထားတဲ့ အတွက် ဂိုးမရခဲ့ပါဘူး။ ဒီပွဲမှာ မန်ယူအလယ်တန်းက ရှဝိန်းစတိုင်ဂါနဲ့ ကာရစ်တို့ဟာ ပီအက်စ်ဂျီ အလယ်တန်းကို ယှဉ်မကစားနိုင်ခဲ့သလို မန်ယူအသင်း ခြေစွမ်းပြမကစားနိုင်ခဲ့ပါဘူး။ မန်ယူအသင်းရဲ့ နောက်တန်း အမှားအယွင်းကြောင့် ဂိုးတွေပေးခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက အီဗရာဟင်မိုဗစ်ခ်၊ လူးကပ်စ် မိုရာနဲ့ သီယေဂို ဆေးဗာလ်းတို့ အကောင်းဆုံး ခြေစွမ်းပြကစားသွားနိုင်ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ပီအက်စ်ဂျီ အသင်းက နိုင်ငံတကာ ချန်ပီယံဖလားကို ရရှိသွားပါတယ်။
6 years Ago
Up