နိုင်ငံတကာရုပ်သေးပွဲတော်

March 25, 2018

နိုင်ငံတကာရုပ်သေးပွဲတော် ရန်ကုန်တွင် ကျင်းပ

  နိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ ပထမအကြိမ် နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ မတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းအစီအစဉ်ကို အမျိုးသားကဇာတ်ရုံဝင်းထဲမှာ မနက် ၉ နာရီက စတင်ကျင်းပခဲ့ပြီး ဒုတိယပိုင်းကိုတော့ နေ့လယ် ၁ နာရီမှာ ကပြခဲ့ပါတယ်။ ပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ ပြင်သစ်၊ အစ္စရေး၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပါတယ်။ ဒီပွဲကို ဝင်ကြေးအနေနဲ့ အခမဲ့သတ်မှတ်ထားပြီး ကိုယ်ပိုင်အထက်တန်းကျောင်းက ကလေးငယ်တွေ၊ ရန်ကုန်မြို့က ကလေးငယ်တွေအပြင် နိုင်ငံခြားသား ကလေးငယ်တွေ လာရောက် အားပေးခဲ့ကြပါတယ်။
4 years Ago
Up