ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာဌာနေညှိနှိုင်းရေးမှူး ရီနာတာဒက်စ်ဆယ်လီရန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ နိုင်ငံတကာသံတမန်အဖွဲ့ဟာ ဒီနေ့ မနက်က မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲ ဌာနချုပ်၊ ဝါးပိတ်ရွာနဲ့ ကျီးကန်းပြင်ရွာတွေကိုသွားရောက်ပြီး မွတ်စလင်ရွာသားေ တွေနဲ့ တွေ့ဆုံပါတယ်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့လည်း ကုလနဲ့သံတမန်တွေနဲ့ အတူ လေ့လာရေးခရီးလိုက်ပါခဲ့ကြပါတယ်။
ဒီခရီးစဉ်မှာ တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန်နဲ့ ဗြိတိန် သံအမတ်ကြီးတွေနဲ့ သံရုံးအကြီးအကဲတွေလိုက်ပါကာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ကျေးရွာတွေကို နိုဝင်ဘာ ၂ ရက်နေ့ကနေ ၃ ရက်နေ့ အထိ လေ့လာကြမှာ ဖြစ်ပါတယ်။
သတင်း - ကိုအောင်
6 years Ago