နိုင်ငံတကာ

April 21, 2019

နိုင်ငံတကာ စွန်လွှတ်ပွဲတော် တရုတ်တွင် ကျင်းပ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံးပြည်နယ် ဝေဖှန်မြို့က နိုင်ငံတကာ စွန်လွှတ်ကွင်းထဲမှာ ၃၆ ကြိမ်မြောက် နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို ဧပြီ ၂၀ ရက်က  စတင်ကျင်းပနေပါတယ်။ ဒီပွဲမှာ ကဏ္ဍ ၃ ရပ်နဲ့ ပွဲစဉ်ပေါင်း ၃၀ ကျော် ပါပါတယ်။ ပွဲတော်မှာ စွန်လွှတ်ပြိုင်ပွဲတွေ၊ ပြပွဲတွေ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လှုပ်ရှားမှုတွေလည်း ပါပါတယ်။ ဝေဖှန် နိုင်ငံတကာပါရမီ ထူးချွန်သူများ သီတင်းပတ်ပွဲစဉ်၊ လေကြောင်းပြပွဲ၊ တရုတ် ယဉ်ကျေးမှု အမွေအနှစ်နဲ့ စွန်ပုံရိပ် မြှင့်တင်ရေး စီတန်းလှည့်လည်ပွဲနဲ့ နိုင်ငံတကာ ဆက်ကပ်ပွဲအပြင် မော်တော်ဆိုင်ကယ် စတန့်စီးပွဲတွေလည်း ပွဲတော်အတွင်း အသစ်ထပ်တိုးတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။ စွန်လွှတ်ပြိုင်ပွဲကို ဒေသနဲ့ နိုင်ငံပေါင်း ၆၅ နိုင်ငံက ကစားသမား အယောက် ၅၀၀ ကျော်က အဖွဲ့ပေါင်း ၇၀ ကျော်နဲ့အတူ ပါဝင် ဆင်နွှဲနေကြပြီး မေလ ၁ ရက်နေ့အထိ ကျင်းပမှာပါ။ ၁၉၈၄ ခုနှစ်မှာ စတင်ကျင်းပတဲ့ ဒီစွန်ပွဲတော်ဟာ တရုတ်နိုင်ငံထဲက လူကြိုက်အများဆုံး နဲ့ အကြီးဆုံး ပွဲတော်တွေထဲကတခု ဖြစ်ပါတယ်။
3 years Ago

March 9, 2019

နိုင်ငံတကာ အမျိုးသမီးများနေ့ ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

၂၀၀၉ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် Pen Myanmar က ဦးဆောင်ပြီး လူမှုဘဝပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အမျိုးသမီးတွေရဲ့ ရပ်တည်ချက် ရည်မှန်းချက်တွေကို လုပ်ဆောင်ကြဖို့နဲ့ အခုလို အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေးတွေရရှိကြဖို့ အမျိုးသားတွေကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတကာအမျိုးသမီးများနေ့ ဆွေးနွေးပွဲကို မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ Pen Myanmar ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဆွေးနွေးပွဲအခမ်းအနားမှာ အမျိုးသမီးတွေအတွက် ကဗျာရွတ်ဆိုတာတွေ၊ တေးသရုပ်ဖော်ပြကွက်တွေနဲ့ ဝထ္တုတိုဖတ်ပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
3 years Ago
More News
Up