နိုင်ဂျီးရီးယားတွင် ၂ နေရာ ဗုံးပေါက်ကွဲ၊ လူ ၁၈ ဦးသေဆုံး (ရုပ်သံ)

October 4, 2015

နိုင်ဂျီးရီးယားတွင် ၂ နေရာ ဗုံးပေါက်ကွဲ၊ လူ ၁၈ ဦးသေဆုံး (ရုပ်သံ)

<script data-config="//config.playwire.com/26104/videos/v2/3934049/zeus.json" data-css="//cdn.playwire.com/bolt/js/zeus/skins/default.css" data-height="100%" data-width="100%" src="//cdn.playwire.com/bolt/js/zeus/embed.js" type="text/javascript"></script> နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာမြို့မှာ အောက်တိုဘာလ ၂ ရက်နေ့ညပိုင်း က ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၈ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ခုချိန်ထိ အဲဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိရသေးပါဘူး။ ပထမပေါက်ကွဲမှုဟာ အဘူဂျာမြို့လယ်ခေါင်မှ ၄၀ ကီလိုမီတာအကွာရှိ ခိယာ့မြို့ ရဲစခန်းအနီးမှာ ဖြစ်ခဲ့ပြီး ဒုတိယပေါက်ကွဲမှုကတော့ ညန်ရာမြို့က ဘတ်စ်ကားမှတ်တိုင်မှာ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း ညန်ရာမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့ပါသေးတယ်။ “မနေ့ညက ကျနော်တခုခုစားဖို့အပြင်ထွက်ခဲ့ပြီးအပြန်မှာ ဗုံးပေါက်ကွဲမှုကို ကြုံခဲ့ တာပါ။ ကျနော့်ကို တခုခုထိမှန်ခဲ့ပြီး အဲဒီအစကို ဆွဲထုတ်ဖို့ ဆေးဆိုင်ကို သွားခဲ့ပါတယ်။ သူတို့က ကျနော့်ကို ကုသပေးခဲ့ပါတယ်” လို့ ဒဏ်ရာရ မျက်မြင်သက်သေတဦးက ပြောပါတယ်။
6 years Ago
Up