နိုင်ဂျီးရီးယားစစ်တပ်

December 30, 2018

အစ္စလာမ္မစ်စစ်သွေးကြွများနှင့် နိုင်ဂျီးရီးယားစစ်တပ်တိုက်ပွဲဖြစ်၊ ဒေသခံ ထောင်ချီ ထွက်ပြေး

နိုင်ဂျီးရီးယားနိုင်ငံက ချဒ်ရေကန်ကြီးရဲ့ ကမ်းပါးပေါ်မှာရှိတဲ့ တံငါမြို့ ဘာဂါမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ နိုင်ဂျီးရီးယား စစ်တပ်တို့ တိုက်ပွဲဖြစ်အပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဇာတိမြို့ကို စွန့်ခွာထွက်ပြေးနေကြပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းက စစ်တပ်အခြေစိုက် စခန်းတွေကို ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက် လုပ်အပြီး ဒီဇင်ဘာ ၂၉ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ အစ္စလာမ္မစ် စစ်သွေးကြွ ဘိုကိုဟာရမ် သူပုန်တွေဟာ လုံခြုံရေးအကြောင်းပြ မဲဆွယ်နေတဲ့ သမ္မတ ရွေးကောက်ပွဲကို ပစ်မှတ်ထားတိုက်ခိုက်မှု တိုးလုပ်နေပါတယ်။ စစ်သွေးကြွတွေဟာ ဘော်နိုပြည်နယ်အရှေ့ပိုင်း ဘာဂါမြို့က စစ်စခန်းကို တိုက်ခိုက်ခဲ့ တယ်လို့ နိုင်ဂျီး၇ီးယား စစ်တပ်က ဒီဇင်ဘာ ၂၆ မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ နိုင်ဂျီးရီးယား နိုက်ဂျာချဒ်နဲ့ ကင်မရွန်း နိုင်ငံတွေရဲ့ နယ်စပ်တွေဟာ ချဒ်ရေကန်ကြီးမှာ စုဆုံကြတာပါ။ ဒေသခံတွေကတော့ ပြည်နယ်ရဲ့ မြို့တော်မိုဂါဒစ်ရှူးမှာ ခိုလှုံနေရပါတယ်။ စစ်သွေးကြွတွေက မြို့ကိုသိမ်းဖို့ ကြိုးစားခဲ့လို့ တိုက်ပွဲတွေအတွင်း လူဆယ်ယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၁၅ ခုနှစ်က ဘိုကိုဟာရမ် စစ်သွေးကြွတွေကြောင့် ဘာဂါမြို့တွင်း လူထောင်ချီ သေဆုံးပြီး မြို့အစိတ်အပိုင်း အများအပြား ပျက်စီးခဲ့ပါတယ်။
3 years Ago

May 25, 2018

နိုင်ဂျီးရီးယားစစ်တပ်က အဓမ္မပြုကျင့် သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ဟု အေအိုင်အဖွဲ့ ထုတ်ပြန်

နိုင်ဂျီးရီးယားစစ်တပ်ဟာ အစ္စလာမ္မစ် စစ်သွေးကြွ ဘိုကိုဟာရမ်တွေကို တိုက်ထုတ်စဉ်အတွင်း အရပ်သားတွေအပေါ် ညှဉ်းပန်းနှိပ်စက်တာတွေ၊ အဓမ္မပြုကျင့်တာတွေနဲ့ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (အေအိုင်) က မေ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စာမျက်နှာ ၈၉ မျက်နှာပါတဲ့ အစီရင်ခံစာဟာ အင်တာဗျူး ရာပေါင်းများစွာကို အခြေခံထားပြီး အဲဒီအစီရင်ခံစာဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ရွာမီးရှို့မှုတွေနဲ့ တခြား ညှဉ်းပန်းနှိပ်စက်မှု အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ “စစ်သားတယောက်က လက်ထဲမှာ စားစရာယူလာပြီး မင်း ငါ့ကိုကြိုက်ရင် ဒါကျွေးမယ်။ ငါတို့နဲ့ လိုက်ခဲ့လို့ ပြောတယ်။ ကျမတို့က ငတ်ပြတ်နေတဲ့ ကိုယ့်ကလေးတွေအတွက် ထည့်စဉ်းစားရတယ်။ သူတို့ပေးတာကို ယူမိရင် ကိုယ့်ဆီပြန်လာပြီး လိင်ဆက်ဆံတယ်။ ကိုယ်က လက်မခံဘူးဆိုရင်လည်း အတင်းအကျပ် လိင်ဆက်ဆံတယ်” လို့ အမည်မဖော်လိုသူ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ အမျိုးသမီးတဦးက ပြောပြခဲ့ပါတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယားစစ်တပ် ထုတ်ပြန်ကြေညာချက်မှာတော့ လူ့အခွင့်ရေးအဖွဲ့ ရှာဖွေတွေ့ရှိချက်တွေဟာ နေရပ်စွန့်ခွာစခန်းတွေက ရုပ်ရှင်ဆန်ဆန် အဓမ္မပြုကျင့်မှု ဇာတ်လမ်းတွေအပေါ် အခြေခံထားတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံဟာ အနောက်အာဖရိက အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်တွေကို ၉ နှစ်ကြာ တိုက်ထုတ်နေတာ ဖြစ်ပါတယ်။ အဲဒီပဋိပက္ခကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအဖြစ် ရောက်ရှိခဲ့ပါတယ်။
4 years Ago
Up