ကြွက်လျှောက်သည်ထင်၍ မျက်နှာကျက်ဖွင့်ကြည့်ရာ မြွေများတွေ့ရှိ

January 26, 2018

ကြွက်လျှောက်သည်ထင်၍ မျက်နှာကျက်ဖွင့်ကြည့်ရာ မြွေများတွေ့ရှိ (ရုပ်သံ)

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ချွန်းပူးရီးမြို့ရှိ အိမ်တအိမ်မှာ ခေါင်မိုးပေါ် ကြွက်လျှောက်တယ်ထင်ပြီး မျက်နှာကျက်ဖွင့်ကြည့်တဲ့အခါ မြွေတွေဝင်နေတာ တွေ့ရတယ်လို့ sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့က ချွန်းပူးရီးမြို့ ဘန့်ဆွန်ရပ်ကွက် ဆန်ဆုခ်အိမ်ရာမှာ အိမ်ထဲမြွေဝင်ကြောင်း အကြောင်းကြားလို့ မြွေဖမ်းကိရိယာတွေယူပြီး သွားရောက်ကူညီ ဖယ်ရှားပေးခဲ့ရတယ်လို့ ဘန့်ဆွန်မြူနီစီပါယ်ရုံး ပြည်သူ့ကယ်ဆယ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။ အဲဒီအိမ်ဟာ နှစ်ထပ်တိုက် လုံးချင်းအိမ်ဖြစ်ပြီး အိမ်ရှင်ဖြစ်သူ ပြောပြချက်အရ သူတို့အိမ်ခေါင်မိုးပေါ်မှာ အကောင်ပြေးလွှားသံတွေ ကြားနေရတာ တပတ်ခန့်ရှိပြီဖြစ်ကြောင်း၊ သူတို့က ကြွက်တွေပြေးနေတယ်ထင်လို့ မောင်းထုတ်ဖို့အတွက် မျက်နှာကျက်အဖုံးကို ဖွင့်ပြီး အတွင်းပိုင်းကို ကြည့်လိုက်ရာမှာ အစိမ်းရောင် မြွေအကြီးရော မြွေအသေးပါ သုံးလေးကောင်ခန့် တွေ့ရလို့ ထိတ်လန့်သွားပြီး စည်ပင်ရုံးက ကယ်ဆယ်ရေးဌာနကို အမြန်အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က မျက်နှာကျက်ထဲဝင်ပြီး မြွေဖမ်းရာမှာ အကြီးဆုံးမြွေကို ဖမ်းနေစဉ် အကောင်သေးလေးတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ လွတ်သွားတဲ့မြွေလေးတွေကို ရှာမတွေ့တော့ဘဲ ဖမ်းမိတဲ့ အကောင်ကြီးကိုတော့ လူနဲ့ဝေးရာ သဘာဝတောထဲ ပြန်လွှတ်ပေးလိုက်ပြီလို့ ဝန်ထမ်းက ပြောပါတယ်။
4 years Ago
Up