ကြံ့ခိုင်ရေး

A d v e r t i s e m e n t With Us

July 14, 2018

ပြည်နယ်လွှတ်တော်နေရာအများစု ရခိုင်ပါတီများ ပိုင်ဆိုင်သင့်၍ ဝင်မပြိုင်ဟု ကြံ့ခိုင်ရေးပြော

ရခိုင်လွှတ်တော်မှာ ရခိုင်တိုင်းရင်းသားပါတီအများစု ပိုင်ဆိုင်သင့်တာကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ဝင်မပြိုင်တာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီက ပြောပါတယ်။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂ နေရာ လစ်လပ်နေပါတယ်။ ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “ပြယ်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်နေရာ အများစု ရခိုင်တိုင်းရင်းသားပါတီတွေကပဲ ပိုင်ဆိုင်သင့်တယ်။ ဒါမှလည်း ဒီဒေသနဲ့ အင်ဝင်ခွင်ကျဖြစ်မယ်ဆိုပြီးတော့ ကျနော်ဆုံးဖြတ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အများစု လွှတ်တော်မှာ ဖြစ်စေချင်တဲ့သဘောနဲ့ ကျနော်တို့ ကြားဖြတ်မှာ ဝင်မပြိုင်တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်” လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပုံမှန်ဝင်ရောက်ပြိုင်နေကျ တိုင်းဒေသကြီးတွေမှာ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာတွေမှာ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက ပါတီ ၃ ခုကနေ ဝင်ပြိုင်ဖို့ အမည်စားရင်း တင်းသွင်းထားပြီးတော့ အဲ့ဒီမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတဦးအပါအဝင် စုစုပေါင်း ၄ ဦးဝင်ရောက် ယှဉ်ပြိုင်မယ်လို့ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးခင်မောင်ဦးကပြောပါတယ်။ "ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၄ ဦး အမည်စာရင်းတင်သွင်းပါတယ်။ အဲ့ဒီမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်ရယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခင်သန်းမောင်၊ တသီးပုဂ္ဂလ ဦးတင်မောင်ဝင်းတို့ဖြစ်ကြပါတယ်။ အမည်စာရင်းတွေကို ၁၆ ရက်နေ့ကနေ ၂၂ ရက်နေအထိ စိစစ်ပါမယ်။ အဲ့လိုစိစစ်ပြီး အောင်မြင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်သွားပါမယ်” လို့ ပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာပါ။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မြေအတွက် မဲဆန္ဒပြည်သူ ၅ သောင်းကျော်လောက်ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို
3 years Ago

April 6, 2018

ဂျိုင်းမြစ်ကူးကြိုးတံတား ကြံ့ခိုင်ရေးစစ်ဆေးရန်နှင့် တန်ပိုယာဉ်များ ကြပ်မတ်ရန် တိုက်တွန်း

ကရင်ပြည်နယ် ဂျိုင်း-ကျုံဒိုး-ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ဂျိုင်းမြစ်ကူး ကြိုးဆိုင်းတံတားကို ကြံ့ခိုင်ရေးစစ်ဆေးဖို့နဲ့ ဖြတ်သန်းမောင်းနေတဲ့ ကုန်တင်ကားတွေကို တန်ပိုမတင်ဆောင်နိုင်ရေး ထိန်းကျောင်းစစ်ဆေးဖို့ ဒေသခံလွှတ်တော်အမတ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က ဧပြီ ၅ ရက် မနက်က ဂျိုင်းမြစ်ကူး ကော့ကရိတ်တံတား သံမဏိကြိုးဆိုင်းတွေနဲ့ တံတားကြံ့ခိုင်မှု စစ်ဆေးချိန်မှာ ပြောဆိုလိုက်တာပါ။ “အရေးကြီးတာက ဖြတ်သန်းသွားတဲ့ ကားတွေကို ထိန်းကျောင်းဖို့ လိုတယ်။ တန်ပိုတင်ဆောင်ပြီး ခိုးဖြတ်တဲ့ကားတွေ ရှိနေတယ်။ ပြီးတော့ တံတားရဲ့ ခံနိုင်ဝန်ပေါ် မူတည်ပြီးတော့ ကုန်ကားကြီးနှစ်စီး တံတားအလယ်မှာ ဆုံပြီး ဖြတ်ရင်တော့ အရှိန်ကြောင့် တုန်ခါမှုတွေဖြစ်ပြီး ငလျင်လှုပ်သလိုမျိုး အရှေ့အနောက် ဆွဲခါသလို ဖြစ်သွားတတ်ပါတယ်။ ဒါတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ အခု တံတားအခြေအနေကတော့ စိတ်ချရပါတယ်။” ဧပြီ ၁ ရက်က မြောင်းမြကြိုးတံတား ပြတ်ကျပျက်စီးသွားတဲ့နောက် မြန်မာနိုင်ငံတွင်း တည်ဆောက်ထားတဲ့ မြစ်ကူး ချောင်းကူး ကြိုးဆိုင်းတံတားတွေ ကြံ့ခိုင်ရေး စစ်ဆေးကြဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဂျိုင်း-ကော့ကရိတ်တံတား၊ ဂျိုင်း-ဇာသပြင်တံတား၊ အတ္တရံမြစ်၊ မော်လမြိုင် မြစ်ကူးတံတားတွေကို တံတားကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးသွားမယ်လို့  ပြည်နယ်ဆောက်လုပ်ရေးဌာနကနေ သိရပါတယ်။ တံတားအထူးအဖွဲ့ ၁၄ မှ ဒုအင်ဂျင်နီယာမှူး ဦးဇော်မိုးလွင်က “တံတားဦးစီးဌာန အနေနဲ့ကတော့ အရေးပေါ်စစ်ဆေးချက်အရ မြေပြင်အနေအထားကို စစ်ဆေးခိုင်းပါတယ်။ အခု တံတားအနေအထားကတော့ မူလပုံမှန်အနေအထားမှာဘဲရှိပါတယ်" လို့ ပြောပါတယ်။ အဆိုပါ ဂျိုင်း၊ ကော့ကရိတ် တံတားဟာ ၁၉၉၉ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး တံတားအရှည် ပေ ၁၂၀၀ ပေ၊ တံတားခံနိုင်ဝန် ၂၅ တန် သတ်မှတ်ထားကာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်မြို့တွေကို ဆက်သွယ် ပို့ဆောင်ရာမှာ အဓိကကျတဲ့ တံတားတစင်း ဖြစ်ပါတယ်။ ဂျိုင်းတံတားကို ဖြတ်သန်းမယ့် ကုန်တင်ကားတွေကို ယာဉ်ကုန် တန် ၂၀ အောက်သာ တင်ဆောင်မောင်းနှင် ဖြတ်သန်းကြဖို့နဲ့ တန် ၂၀ အထက် တင်ဆောင်လာတဲ့ ကုန်ကားတွေကို ကြိုးဆိုင်း တံတားအောက်ရှိ (ပွန်တွန်း) ဘောတွဲတံတားမှသာ ဖြတ်သန်းကြဖို့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်ဆောက်လုပ်ရေးဌာနတို့က မကြာခင် စိစစ်ကြပ်မတ် လုပ်ဆောင်မယ်လို့ ပြည်နယ် လမ်း/တံတားဌာန တာဝန်ရှိသူက ပြောပါတယ်။ သတင်း - စောကျော်ဆန်း
3 years Ago
Up