ကြီးလွန်းလှသည့် တင်ပါးကြောင့်

A d v e r t i s e m e n t With Us

November 19, 2016

ကြီးလွန်းလှသည့် တင်ပါးကြောင့် ဒန်းမစီးနိုင်ခဲ့သည့် ချစ်စရာဝက်ဝံကလေး(ရုပ်သံ)

ရုရှားနိုင်ငံမှာ အညိုရောင်ဝက်ဝံကလေးတကောင်ဟာ ကလေးကစားကွင်းထဲက ဒန်းတခုကိုစီးဖို့ ကြိုးစားချိန်မှာ ကြီးမားလွန်းတဲ့ သူ့ရဲ့တင်ပါးကြောင့် မစီးနိုင်ဘဲ ဖြစ်နေခဲ့တာကို ရုပ်သံကင်မရာမှတဆင့်ဖမ်းယူရရှိခဲ့ပါတယ်။ သူဟာ ဒန်းရဲ့ ခုံပေါ်ကိုတက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ထွက်ခွာသွားခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ဆိုက်ဗေးရီးယားဒေသ၊ ကိုလ်ဘားယေဗိုမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး မျက်မြင်တွေ့ရှိခဲ့သူတဦးက မှတ်တမ်းတင်ခဲ့တာပါ။ အချိန်စက္ကန့် ၂၀ သာကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို လူအများက သဘောတကျ မှတ်ချက်တွေရေးခဲ့ကြတာပါ။ တချို့ကတော့ ခုလိုကလေးကစားကွင်းထဲမှာ ၀က်ဝံတကောင်ဟာ နီးနီးကပ်ကပ် ရောက်လာခဲ့တာဟာ အန္တရာယ်ရှိနိုင်တယ်လို့ ပြောနေကြတာပါ။ ဒါပေမယ့် ဒီဝက်ဝံကလေးဟာ တောတွင်းမှမဟုတ်ဘဲ အနီးနားမှ ဆပ်ကပ်တခုခုမှ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဒေသတွင်းပန်းခြံစောင့်တဦးဖြစ်တဲ့ ရဲလ်နစ်ကော့ဗ်ကတော့ ဆိုက်ဗေးရီးယန်း တိုင်းမ်သတင်းစာကို “ကျနော့်ဆီကို အကြောင်းကြားခဲ့လို့ ဒီကိုရောက်လာခဲ့တာပါ။ နောက်ပိုင်းမှာ ၀က်ဝံဟာ သူ့ရဲ့ သင်ကြားပေးသူနဲ့အတူ လမ်းလျှောက်သွားခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ အန္တရာယ်ရှိတယ်လို့ ကျနော်သံသယဖြစ်မိပါတယ်။ တိရစ္ဆာန်ထိန်း သိမ်းသူကို ဒီလိုလူသူရှုပ်ထွေးတဲ့နေရာတွေကို ခုလိုခေါ်လာရတဲ့ အကြောင်းရင်းကို ကျနော်မေးချင်ပါတယ်။ ဒါပေမယ့် ဒါက ကျနော့်လို အစောင့်ရဲ့ တာဝန်မဟုတ်ဘူးလေ” လို့ ပြောပါတယ်။
4 years Ago
Up