ကြိုးမဲ့ လေဂစ်တာ (ရုပ်သံ)

December 20, 2015

ကြိုးမဲ့ လေဂစ်တာ (ရုပ်သံ)

လေဂစ်တာဆိုတာကို ကျနော်တို့ဘ၀ရဲ့ တချိန်ချိန်မှာတီးဖို့ ငြင်းဆန်ခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ၀တ်ဆင်လို့ရတဲ့ ဒီကိရိယာရဲ့ကျေးဇူးကြောင့် လေဂစ်တာဟာ တကယ့်ဂီတတူရိယာတခု ဖြစ်လာခဲ့ပါပြီ။ Kurv လို့ ခေါ်တဲ့ ဒီလေဂစ်တာမှာ တီးခတ်သူ လက်ဝါးနဲ့အံကျစွပ်နိုင်တဲ့ လက်ကွက်နှိပ်စရာအပြားတခု လှုပ်ရှားတီးခတ်မှုတိုင်းကို သိမှတ်နိုင်တဲ့ ဆင်ဆာတွေပါတဲ့ ဆိုက်လွန်လက်ခတ်တစ်ခု ပါဝင်ပါတယ်။ "ကော့ဒ်ပေါ်ဖိပြီး ရွေးလိုက်ပါ။ ပြီးရင် လက်ခတ်နဲ့ ဒီလိုမျိုး အသံထွက်အောင် စည့်ချက်အတိုင်းတီးခတ်ပါ။" ဒီကြိုးမဲ့ဂစ်တာကို လန်ဒန်တက္ကသိုလ်ဂိုးစမစ်သ်စ် နဲ့ ဆက်ဆက်ခ်စ်တက္ကသိုလ်တို့က သုတေသနပြု တီထွင်ထားတာပါ။ "ဒီတူရိယာမှာတော့ ဆင်ဆာအမျိုးမျိုး၊ အရှိန်နှုန်းတိုင်းကိရိယာတွေ၊ ဂျိုင်ရိုစကုပ်တွေ၊ သံလိုက် စက်ကွင်းတိုင်းကိရိယာတွေ၊ ဖိအားအာရုံခံကိရိယာတွေပါပါတယ်။ ပြီးတော့ သူ့ကို မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ပြီး အချိန်နဲ့တပြေးညီ ဂီတသံစဉ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့လက်နေဟန်ထားကို ယန္တရားက နားလည်အောင်လုပ်ဖို့လိုလာရင်လည်း ဒီတူရိယာကို အခြားနည်းပညာ များ စွာနဲ့ ပေါင်းစပ်နိုင်ပါသေးတယ်။" ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင်တီးတတ်ဖို့ နှစ်နဲ့ချီပြီးလေ့ကျင်ရတာကြောင့် လူအတော်များများက မြန်မြန်ပဲလက်လျှော့တတ်ကြပါတယ်။ ဒါပေမယ့် Kurv ဂစ်တာကတော့ အခြေခံလောက်ကို မိနစ်ပိုင်းအတွင်း တတ်အောင်ကူညီပေးနိုင်ပါတယ်။ ကျောင်းသူ မစ်လိုင်း ဆိုရင် တကယ့်ဂစ်တာကို တစ်ခါမှ ကောက်မကိုင်ဖူးပေမယ့် ၅မိနစ်အတွင်းမှာ Deep Purple အဖွဲ့ရဲ့ နာမည်ကျော် Smoke on the Water သီချင်းကို အတန်အသင့် တီးတတ်သွားတာတွေ့ရပါတယ်။ "ကျမဆို တီးနိုင်မယ်တောင်မထင်ဘူး။ ဒါပေမယ့် ဒီနေ့တော့ ကျမတီးနိုင်မယ်လို့ ယုံကြည်တယ်။ အရမ်းမိုက်တယ်။" ခရိုမတ်တစ်စကေးကို အပြည့်တီးခတ်နိုင်တာမို့ သူတို့အဖွဲ့ကတော့ Kurv ဂစ်တာဟာ ဂစ်တာသမားတွေနဲ့ ဂီတပညာရှင်တွေအတွက် အသုံးဝင်တဲ့ တူရိယာဖြစ်လာမယ်လို့ ဆိုပါတယ်။ "ဒီဂစ်တာတခုလုံးအတွက် ကျနော်တို့ စီစဉ်ထားတာကတော့ ဘေ့စ်သံလက်ကွက်ပြား ထည့်မယ်။ ရိုးရိုးရော လျှပ်စစ်နဲ့ပါတီးခတ်နိုင်အောင်ပေါ့နော်။ လုံးချင်းဂီတသင်္ကေတတွေ ထည့်ထားတယ်။ စုစုပေါင်း တစ်ထောင်ကျော်လောက်ထွက်မယ်ထင်တယ်။ ဒီတော့ သူ့ရဲ့တီးခတ်နိုင်စွမ်းက အများကြီးပဲ။" ဂစ်တာအကျော်အမော်တွေအဖို့လည်း ဘ၀င်ကျလောက်စရာပါ။ "သစ်သားပါရင်တော့ကောင်းတာပေါ့။ ဒီတူရိယာမှာအသားကမပါမဖြစ်ပဲလေ။ ဒါပေမယ့် ကလေး အတွက်လည်း ကစားချင်စရာအရုပ်တစ်ရုပ်ပါပဲ။" Kurv ဂစ်တာရဲ့ ရှေ့ပြေးပုံစံကို မကြာခင်က မိတ်ဆက်ခဲ့တာပါ။ လိုင်စင်လျှောက်ထားဆဲဖြစ်တဲ့ ဒီပုံစံကို စမ်းသပ်ဖြည့်တင်းမှုတွေလုပ်နေတုန်းဖြစ်ပါတယ်။ ဒါပေမယ့် တီထွင်သူတွေကတော့ စဦးသုံးစွဲသူတွေကပဲ ဒီနည်းပညာကို ထပ်တိုးမွမ်းမံတာတွေလုပ်သွားပြီး ဒီကြိုးမဲ့ဂစ်တာအတွက် လိုအပ်တဲ့သံစဉ်တွေကို ဖြည့်စွက်ပေးနိုင်မှာပါ။
7 years Ago
Up