ကြိုးတန်းပေါ်လမ်းလျှောက်

June 2, 2018

မီတာ ၁၀၀ အမြင့်ကြိုးတန်းပေါ် လမ်းလျှောက်ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည့် လူစွန့်စားအဖွဲ့

လူစွန့်စားအုပ်စုတစ်စုက မြေပြင်အထက်မီတာ ၁၀၀ မှာရှိတဲ့ ကြိုးတွေပေါ်မှာ အကြိမ်ရေမြောက်မြားစွာ လမ်းလျောက်ပြီး ကမ္ဘာ့စံချိန်သစ်တခုကို တင်လိုက်ကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာရှိတဲ့ အဆောက်အဦနှစ်ခုကြား ကြိုးတွေနဲ့ချိတ်ဆက်ကာ ဒီလို အသည်းယားဖွယ်စွန့်စားမှုကို ပြုလုပ်ခဲ့တာပါ။ ဒီလိုစွန့်စားမှုကို နာမည်ကျော် လူစွန့်စား ဂျိုရူအာလျိုပို့ဇ်နဲ့ ဆမ်မြူရယ်ဗော်လာရီတို့က ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးက ပြုလုပ်ခဲ့တာပါ။ ဂျိုရူအာဦးဆောင်တဲ့ လူစွန့်စားအုပ်စုဟာ သုံးရက်အတွင်း တိုက်နှစ်လုံးကြား ဆက် သွယ်ထားတဲ့ ကြိုးတွေပေါ်မှာ ၁၃ ဒသမ ၁ မိုင်ထိ ခရီးပေါက်အောင် အကြိမ်ရေ မြောက်မြားစွာ စွန့်စားလမ်းလျှောက်ခဲ့ကြ ကမ္ဘာ့စံချိန်သစ်တခု တင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျိုရူအာတို့အုပ်စုဟာ မီတာ ၁၀၀ အမြင့်က ကြိုးတန်းပေါ်မှာ တနေ့အတွင်း အကြိမ်ရေ ၈၀ စွန့်စားလမ်းလျောက်နိုင်သူများဆိုတဲ့ ကမ္ဘာ့စံချိန်သစ်တစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ “အပူချိန် ၂၈ ဒီဂရီရှိတဲ့ နေရောင်အောက်က ကြိုးတန်းပေါ်မှာ ကျနော်တို့ဟာ တနေ့အတွင်း မီတာ ၈၀၀၀ စွန့်စားလမ်းလျှောက်နိုင်ခဲ့ပါတယ်” လို့ ဆင်မြူရယ်ကပြောပါတယ်။ “ကျနော်တို့ရဲ့စံချိန်မှာ ခြေချော်ကျတာမျိုးကို ခွင့်ပြုပေးထားပြီး ပြုတ်ကျခဲ့ရင် ကျတဲ့နေရာက ပြန်စလို့ ရပါတယ်။ ဒါပေမယ့်အချိန်တွေ စွမ်းအင်တွေတော့ အလဟဿ ဖြစ်တာပေါ့” လို့ သူက ဆိုပါတယ်။
3 years Ago
Up