ကြိုးဆွဲချသေဆုံး

June 18, 2017

မြန်အောင်တွင် စာမေးပွဲကျသဖြင့် ကျောင်းသူတဦး ကြိုးဆွဲချသေဆုံး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ရဲစခန်းအပိုင်း မျှင်ဝါးတောင်ကျေးရွာအုပ်စု ညောင်ခုံကျေးရွာမှာ ဇွန် ၁၇ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ဆယ်တန်းကျောင်းသူတဦး စာမေးပွဲကျလို့ ကြိုးဆွဲချ သေဆုံးမှုတခု ဖြစ်ပွားခဲ့ပါတယ်။ "မနေ့က ဖြစ်တာပါ။ ကျနော်တောင် ဒီကလေးမလေး ဒီမှာလာပြီး ကျောင်းတက်နေတာမသိဘူး။ သေဆုံးမှုဖြစ်မှသိတယ်လေ။ ကလေးမလေးအသက် ၁၇ နှစ်ပဲရှိသေးတယ်။ သူမိဘတွေက ရန်ကုန်တိုင်းတိုက်ကြီးက သူအဖေက တပ်ကြပ်ကြီးပါ၊ ခြေမြန်တပ်ရင်း (၇၀၈) တပ်ကရင်းကပါ။ သေသူရဲ့မိခင် မောင်အရင်းက ဒီညောင်ခုံကဆိုတော့ အင်္ဂပူမြို့နယ်ထဲက ထူးကြီးမြို့ ကိုယ်ပိုင်းအထက်တန်းကျောင်းမှာ ကျောင်းတက်တယ်လေ။ စုံစမ်းကြည်တော့ သူနဲ့တွဲနေတာ သူငယ်ချင်း ခြောက်ယောက်ရှိတယ်၊ သူနဲ့ ခုနှစ်ယောက်ပေါ့။ ခြောက်ယောက်အောင်တယ်၊ သူကျတော့ ကလေးမလည်း ခုလို လုပ်လိုက်တာပဲ ထင်တယ်၊ သနားဖို့ကောင်းပါတယ်” လို မျှင်ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြဦးက ဒီဗွီဘီကို ပြောပါတယ်။ ခုလိုသေဆုံးမှုဖြစ်စဉ်ကိုတော့ အင်ပင်ရဲတပ်နယ်မြေစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ နဲ့အမှုဖွင့်ဆောက်ရွက်နေပါတယ်လို့ ရဲတပ်သား မောင်မောင်ကျော်က ပြောပါတယ်။ အင်ပင်ရဲတပ်ဖွဲ့စခန်းအပိုင် မျှင်ဝါးတောင်ရဲကင်းမှူး ရဲတပ်ကြပ်ကြီးလွင်စိုးကတော့ "သိသိချင်အလောင်းကို ရဲလုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။ ကလေးမလေးက ခင်ရတနာဦးပါ။ ခုတော့ အလောင်းပြန်သယ်ထားပါတယ်။ ဒီနေ့ မီးသင်္ဂြိုဟ်မှာပါ။ ခုသူ့အမေကတော့ ခုဒီညောင်ခုံရွာကိုတော့ ရောက်နေပါပြီ၊ သူအဖေက ရှေ့တန်းရောက်နေတယ်၊ သနားစရာပါပဲ” လို့ ပြောပါတယ်။ ဓာတ်ပုံ - မျှင်ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး သတင်း - သန်းထိုက်မြင့်
4 years Ago

May 25, 2017

ဝမ်းတွင်းတွင် ဖားကန့်ရေမဆေးကျောက်ရှာပြီး ပြန်လာသူ ကြိုးဆွဲချသေဆုံး

ဝမ်းတွင်မြို့မှာ ဖားကန့်ရေမဆေးကျောက်ရှာပြီး ပြန်လာသူတဦး ကြိုးဆွဲချသေဆုံးမှု တခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရွာသချာင်္အုပ်စုချိုင်းရွာမှာ မေလ ၂၄ ရက် မွန်းလွဲ ၂ နာရီလောက်က ဖားကန့်က ရေမဆေးကျောက်ရှာပြီးပြန်လာတဲ့ ချစ်စမ်းမောင်(ခေါ်) ဖိုးပြုံးကြိုးဆွဲချသေဆုံးသွားတယ်လို့ရွှေတောင်ရဲစခန်းကပြောပါတယ်။ စခန်းမှူးရဲအုပ်ကျော်နိုင်စိုး က “တောထဲငြုပ်ခင်းဘေးပေါက်နေတဲ့ ကုက္ကိုပင်ကိုင်းမှာနွား ချည်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးတယ်၊ ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာမတွေ့ရဘူး” လို့ ပြောပါတယ်။ ရွာအုပ်ချုပ်ရေးမှူး ဦးဌေးကျော်လွင်က “ဖားကန့်က ရေမဆေးကျောက်ရှာပြီး ရွာကိုပြန်လာတာ တလတောင်မပြည့်သေးဘူး။ ရိုးရိုးအေး အေးလေးနေတယ်။ ဘယ်လို ဖြစ်သွားတယ် မသိပါဘူး။ စိတ်မကောင်းစရာပါပဲ” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၇) နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
More News
Up