ကြိုတင်ပြင်ဆင်

February 24, 2017

၈၉ ကြိမ်မြောက် အော်စကာပေးပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်

၈၉ ကြိမ်မြောက် အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကျရင် ဟောလိဝုဒ်မှာ ကျင်းပတော့မှာမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဟောလိဝုဒ်မှာ မိုးရွာနေပေမယ့် အလုပ်သမားတွေဟာ ကမ္ဘာကျော် အနုပညာရှင်တွေ ဆိုက်ရောက်လာမယ့် နေရာတွေကို ကြိုးစားပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ "La La Land" ရုပ်ရှင်ကားဟာ အော်စကာဆုပေးပွဲကြီးမှာလည်း ကွဲပြားခြားနားတဲ့ ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။ "La La Land" ဇာတ်ကားဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မင်းသမီး မင်းသားဆု၊ ဇာတ်ညွှန်းဆုနဲ့ တေးဂီတဆုတွေ ရရှိမယ်ဆိုရင် ၁၉၅၀ ခုနှစ်က "All About Eve." ဇာတ်ကားနဲ့ ၁၉၉၇ ခုနှစ်ကထုတ်လုပ်တဲ့ "Titanic" ဇာတ်ကားတွေလိုပဲ ဆုပေါင်းများစွာ ဆွတ်ခူးနိုင်တဲ့ စံချိန်တင် ဇာတ်ကားတကား ဖြစ်လာမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up