ကြိုတင်မဲ စပေးပြီ

A d v e r t i s e m e n t With Us

October 15, 2015

စင်ကာပူနှင့် တောင်ကိုရီးယားတွင် ကြိုတင်မဲ စပေးပြီ (ရုပ်သံ)

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်ဆန္ဒမဲ ပေးမှုတွေကို ဒီနေ့ကစလို့ စင်ကာပူနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ စတင်နေပါတယ်။ အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားတဲ့ အဲဒီ ကြိုတင်မဲပေးပွဲတွေကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာတော့ ဒီနေ့ မနက် ၈ နာရီလောက်ကစပြီး လူ ၂၀၀ ကျော် တန်းစီခဲ့ကြပါတယ်။ ကြိုတင်မဲရုံမှာလည်း ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို မှတ်တမ်းတင်တာကို ခွင့်ပြုမှာ မဟုတ်ပါဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ လျှောက်လွှာတင်ရမှာ ဖြစ်ပြီး စာရင်းပေးသွင်းခဲ့သူ အများအပြားဟာလည်း အခုထုတ်ပြန်ထားတဲ့ ကြိုတင်မဲပေးခွင့်ရတဲ့ စာရင်းထဲမှာ မပါဝင်ကြဘူး လို့လည်း သိရှိရပါတယ်။ ပြည်ပကနေ ဆန္ဒမဲပေးကြဖို့ စာရင်းပေးသွင်းသူ ၃ သောင်း ၀န်ကျင်ရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် သိရပြီး အဲဒီထဲမှာ စင်ကာပူက အများဆုံးနဲ့ တောင်ကိုရီးယားက ဒုတိယအများဆုံးလို့ သိရှိရပါတယ်။ ရုပ်သံ - စလုံး
5 years Ago
Up