ကြိုတင်မဲပေး

May 6, 2018

မလေးရှားတွင် လူဦးရေ ၃ သိန်းခန့် ကြိုတင်မဲပေး

မလေးရှားနိုင်ငံမှာ ကြိုတင်မဲပေးဖို့ စာရင်းပေးထားတဲ့ အရေအတွက်ဟာ ၃ သိန်းနီးပါးရှိတယ်လို့ မလေးရှားရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ မလေးရှားနိုင်ငံမှာ မေလ ၉ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မေလ ၅ ရက်နေ့က မလေးရှားနိုင်ငံသား ၂ သိန်း ၈ သောင်းနီးပါး ကြိုတင်မဲပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ဖို့ရှိနေတဲ့ ရဲအရာရှိတွေ၊ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ဇနီး၊ ခင်ပွန်းတွေ၊ သတင်းထောက်တွေ အများစု ကြိုတင်မဲပေးခဲ့ကြပါတယ်။ ကြိုတင်မဲတွေကို မေ ၉ ရက်နေ့မှ ရေတွက်မှာပါ။ မလေးရှားအထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇက် ဦးဆောင်တဲ့ BN ညွန့်ပါင်းပါတီနဲ့ အသက် ၉၂ နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပါင်းတို့ အဓိက ယှဉ်ပြိင်ကြမှာဖြစ်ပါတယ်။
3 years Ago
Up