ကြိမ်မြောက် ဆွတ်ခူး

June 1, 2017

Golden Ball ဆုကို ပီတာချက် ၁၁ ကြိမ်မြောက် ဆွတ်ခူး

ချက်ပြည်ထောင်စုသမ္မတနိုင်ငံရဲ့ Golden Ball ဆုကို အာဆင်နယ်ဂိုးသမား ပီတာချက်က ၁၁ ကြိမ်မြောက်  ထပ်မံဆွတ်ခူးသွားပါတယ်။ ပီတာချက်ဟာ ဒီဆုကို ၂၀၀၅ ကနေစပြီး ၂၀၁၇ နှစ်အထိ  ပင်တိုင်ဆွတ်ခူးလာပြီး ၂၀၀၉ မှာသာ ဂျူဗီကစားသမား ပေဗယ်နက်ဗက်က ဆွတ်ခူးခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ပီတာချက်ဟာ ၁၉၉၉ ခုနှစ်ကတည်းက ပရော်ဖက်ရှင်နယ် ဘော်လုံးသမားဘ၀ အဖြစ်စတင်ကစားခဲ့သူဖြစ်ပြီး ၂၀၀၄ ကနေ ၂၀၁၅ အထိ ချဲလ်ဆီးအသင်းမှာ ပွဲပေါင်း ၃၀၀ ကျော် ကစားခဲ့ပါတယ်။ အာဆင်နယ်အသင်းကို ၂၀၁၅  မှာရောက်ရှိလာပြီး အခုချိန်ထိ အာဆင်နယ် အသင်းအတွက် ပွဲပေါင်း ၆၀ ကျော် ကစားပေးခဲ့ပါတယ်။ သူဟာ ချက်နိုင်ငံလက်ရွေးစင်အသင်းမှာ ဂန္တ၀င်ကစားသမားကြီးဖြစ်ပြီး ၂၀၀၂ ကနေ ၂၀၁၆ အထိ ပွဲပေါင်း ၁၂၀ ကျော် ကစားပေးထားသူဖြစ်ပါတယ်။
4 years Ago
Up