ကြိမ်ဒဏ်

July 17, 2017

အင်ဒိုနီးရှားတွင် ရှရီယာဥပဒေ ချိုးဖောက်သူ ၃ ဦးကို ကြိမ်ဒဏ်ပေး

အင်ဒိုနီးရှားနိုင်ငံမှာ ရှရီရာဥပဒေကို လက်ခံကျင့်သုံးတဲ့ တခုတည်းသောခရိုင်ဖြစ်တဲ့ အားဂျေးခရိုင်မှာ ရှရီရာဥပဒေကို ချိုးဖောက်ခဲ့လို့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ကြိမ်ဒဏ်ပေးခံခဲ့ရပါတယ်။ ချိုးဖောက်ခဲ့တဲ့ ၃ ဦး အပြစ်ဒဏ်ခံယူဖို့ မြို့မှာရှိတဲ့ စင်မြင့်တခုပေါ် မျက်နှာဖုံးစွပ်ထားသူတွေက ခေါ်ဆောင်လာပါတယ်။ စင်မြင့်အရှေ့ဘက်မှာ လူအုပ်ကြီးက အပြစ်ပေးတာကို ကြည့်ရှုဖို့ ထိုင်နေကြပြီး ကြည့်ရှုသူတွေထဲမှာ ကလေးတွေလည်း ရှေ့ဆုံးတန်းက ပါဝင်နေတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလူတွေ ဒီလို ကြိမ်ဒဏ်ပေးခံရတယ်ဆိုတာ မသိပေမယ့် အရက်သောက်လို့၊ လက်မထပ်ဘဲ လိင်ဆက်ဆံလို့၊ လိင်တူဆက်ဆံလို့ စတဲ့ အပြုအမူအရ ရာဇဝတ်မှုမြောက်တဲ့ အမှုတွေအတွက် ဒီလိုကြိမ်ဒဏ်ပေးတာလို့ သိရပါတယ်။ ရှရီရာဥပဒေကျင့်သုံးတဲ့ မွတ်ဆလင်တိုင်းပြည် တော်တော်များများမှာ ပြောင်းလဲလာပေမယ့် ပုံမှန်အားဖြင့် ကြိမ်ဒဏ်ပေးမှုကို လူထုကြားထဲမှာပဲ ပြုလုပ်ပါတယ်။ ကြိမ်လုံးက လက်ချောင်းလုံးထက် ပိုမကြီးရဘဲ ရိုက်တဲ့ပြင်းအားကလည်း အမာရွတ် အသေစွဲသွားတဲ့အထိ မရိုက်ရဘူးလို့ သိရကြောင်း ဒေးလီးမေးလ်သတင်းမှာ ဇူလိုင် ၁၄ ရက်နေ့က ရေးထားပါတယ်။
4 years Ago

April 20, 2017

လက်မထပ်ရသေးဘဲ လိင်ဆက်ဆံခဲ့သည့် အင်ဒိုစုံတွဲအား ကြိမ်ဒဏ် ၂၅ ချက်စီ ပြစ်ဒဏ်ပေး

အင်ဒိုနီးရှားနိုင်ငံမှ စုံတွဲတတွဲဟာ လက်မထပ်ရသေးဘဲ လိင်ဆက်ဆံခဲ့ကြတယ်လို့ စွပ်စွဲခံရပြီးနောက် တယောက်ကို ကြိမ်ဒဏ် ၂၅ ချက်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြားကျွန်းပေါ်မှ ဘန်ဒရာခ်ျအေ့မြို့မှာ ဖြစ်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ တင်းကျပ်တဲ့ ရှရီယာဥပဒေအရ ပြစ်ဒဏ်ချမှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရှရီယာရဲ့အဓိပ္ပာယ်က မွတ်စလင်တွေအနေနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ လမ်းညွှန်ထားတဲ့ “နည်းလမ်း” ဖြစ်ပြီး အပိုင်း ၄ ပိုင်း ခွဲထားတာပါ။ ခိုးမှုကျူးလွန်ရင် လက်ကိုဖြတ်ရမယ်၊ အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို ကျောက်တုံးနဲ့ ပေါက်သတ်ရမယ် စတဲ့ ရှရီယာဥပဒေတွေဟာ လက်ရှိ လူ့အဖွဲ့အစည်းအတွင်းမှာ အငြင်းပွားစရာဖြစ်နေခဲ့ပြီး ဒါကို ခွင့်မပြုဖို့နဲ့ ဒီဥပဒေအရ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်တွေ ပေးရာမှာလည်း အငြင်းပွားဖွယ် ဖြစ်နေတာပါ။ လက်ရှိအချိန်မှာတော့ လက်မထပ်ခင် လိင်ဆက်ဆံခဲ့တဲ့အတွက် ပြစ်ဒဏ်အဖြစ် ကြိမ်ဒဏ် ၂၃ ချက်ကနေ ၂၅ ချက်အထိ ရိုက်ခံရမယ်လို့ သတ်မှတ်ထားကာ ခုလိုပြစ်ဒဏ်ကျခံရမယ့် စုံတွဲ ၄ တွဲကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။
4 years Ago
Up