မြို့ကြီး ၅ မြို့ စိုးရိမ်ရေမှတ်ရောက်နိုင်ကြောင်း မိုး/ဇလ သတိပေး

July 28, 2015

မြို့ကြီး ၅ မြို့ စိုးရိမ်ရေမှတ်ရောက်နိုင်ကြောင်း မိုး/ဇလ သတိပေး

ဒီနေ့မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ခွဲအချိန် တိုင်းထွာချက်အရ မြို့ကြီး ငါးမြို့ဟာ နောက် ၂၄ နာရီကနေ ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် သတိပေးလိုက်ပါတယ်။ ချင်းတွင်းမြစ်ရေဟာ ကလေးဝမြို့မှာ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂၄ နာရီ အတွင်း ကလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ မုံရွာမြို့မှာတော့ စိုးရိမ် ရေမှတ်အောက် ၁ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂ ရက် လောက် အတွင်း မုံရွာမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရေကလည်း ဟင်္သာတမြို့ရဲ့ စိုးရိမ် ရေမှတ်အောက် ၁ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂ ရက်လောက်အတွင်း ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ ဇလွန်မြို့မှာတော့ စိုးရိမ် ရေမှတ်အောက် ၃ ပေလောက်မှာ ရောက်နေပြီး နောက် ၃ ရက်လောက်မှာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်ပါတယ်။ စစ်တောင်းမြစ်ရေကလည်း တောင်ငူမြို့ရဲ့ စိုးရိမ် ရေမှတ်အောက် ၂ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂ ရက်လောက်အတွင်း တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် သတိပေးလိုက်ပါတယ်။
6 years Ago
Up