မြို့တော်ခန်းမရှေ့တွင်ပြသသည့် မြန်မာ-ထိုင်း ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲ ပရိသတ်သောင်းချီ ကြည့်ရှု

September 24, 2017

မြို့တော်ခန်းမရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်

  နှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့တဲ့ ပြဿနာတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ် တင်ပေးလိုက်တာဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ခေါင်းပေါ်တင်ပေးလိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက  ပြောလိုက်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့က မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေးပြသနာတွေ၊ ပြည်တွင်းစစ်တွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တာဝန်ယူချိန်မှ ဖြစ်ပေါ်လာတာမဟုတ်ဘဲ လွန်ခဲ့တဲ့ အစိုးရအဆက်ဆက်ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ထောက်ပြခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို နိုင်ငံရေးအဖွဲ့အစည်းကလူတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ ကျောင်းသားတွေနဲ့ မွတ်စလင်အဖွဲ့အစည်းတွေကပါ ပူးပေါင်းပါဝင်ခဲ့ပြီး လူအင်အား ၅၀၀ ကျော် လာရောက်ခဲ့ပါတယ်။  
4 years Ago

December 5, 2016

မြို့တော်ခန်းမရှေ့တွင်ပြသသည့် မြန်မာ-ထိုင်း ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲ ပရိသတ်သောင်းချီ ကြည့်ရှု (ဓာတ်ပုံ)

မနေ့ညက မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ရုပ်မြင်သံကြားကပြသရာ ကြည့်ရှုသူ ပရိသတ်ဦးရေ သောင်းချီ ရှိခဲ့ပါတယ်။ မြို့တော်ခန်းမရှေ့ လမ်းမပေါ်၊ ဆူးလေဘုရားခြေရင်းထိ ပရိသတ်တွေ ပြည့်နှက်ခဲ့ပြီး မြန်မာအသင်းကို တခဲနက် အားပေးခဲ့ကြပါတယ်။ မြို့တော်ခန်းမရှေ့ကို လာရောက်အားပေးသူ အများစုမှာ ကွင်းထဲမှာသွားကြည့်ဖို့ လက်မှတ်မရတာနဲ့ အလုပ်ကအပြန် လာရောက်သူတွေ အများစုဖြစ်ပါတယ်။ မြန်မာအသင်းဟာ အခု အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သွားရောက်ကစားတဲ့အခါ ၃ ဂိုးပြတ်အနိုင်ရမှာသာ ဗိုလ်လုပွဲကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ထက်လူ  
5 years Ago
Up