မြို့ခံအာဆင်နယ်

February 3, 2019

မြို့ခံအာဆင်နယ်ကို အားပေးမည်မဟုတ်၊ ရလဒ်အတိုင်း လက်ခံမည်ဟု စပါးနည်းပြပြော

အခုတစ်ပတ် စူပါဆန်းဒေမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေခဲ့လို့ မြို့ခံ အာဆင်နယ်အသင်းဘက်က အားပေးမှာမဟုတ်ပဲ ဘယ်လိုရလဒ်ထွက်လာပါစေ လက်ခံသွားမယ်လို့ စပါးနည်းပြပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးဟာ နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီးတဲ့နောက်မှာ အဆင့် ၂ နေရာကို ရောက်ရှိနေပြီး ထိပ်ဆုံးက လီဗာပူးနဲ့လည်း ၄ မှတ်သာကွာဟတဲ့ အခြေအနေမှာရှိနေပါတယ်။ တနင်္ဂနွေညမှာကစားမယ့် ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် သက်ရောက်မှုတခုဖြစ်လာနိုင်ပေမယ့် ပိုချက်တီနိုကတော့ ဘယ်ရလဒ်ကိုမဆို လက်ခံဖို့ရှိတယ်လို့ ပြောကြားလိုက်တာပါ။ ပိုချက်တီနိုကသူ့အနေနဲ့ တခြားသူတွေကိုအားကိုလိုခြင်းမရှိပဲ ကိုယ့်အသင်းရဲ့ ကြိုးစားမှုကိုပဲ ယုံကြည်မှုရှိကြောင်း နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမှာဖြစ်လို့ ရာသီအကုန်မှသာ အဖြေကိုကြည့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုရာသီအတွက် အသင်းရဲ့ အခြေအနေကိုကျေနပ်ပြီးတော့ ဂုဏ်ယူတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
2 years Ago
Up