မြိတ်-တနင်္သာရီကားလမ်းပေါ်

September 3, 2017

မြိတ်-တနင်္သာရီကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ၅ ဦးဒဏ်ရာရ

မြိတ်-တနင်္သာရီကားလမ်းပေါ်မှာ ဘေးတွဲဆိုင်ကယ်နဲ့ ဆိုင်ကယ်တိုက်မိပြီး ၅ ဦးဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စုရှိ မြိတ်- တနင်္သာရီ ကားလမ်းပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူတွေကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေရတယ်လို့ သိရပါတယ်။ “ဘေးတွယ်ဆိုင်ကယ်ပေါ်မှာ လူ ၁၁ ဦး လိုက်ပါလာတယ်၊ ရေငေးရေတံခွန်ကနေပြန် လာတာလို့ပြောတယ်၊ မိုင်တိုင်အမှတ် ၉ မိုင် ၂ ဖာလုံအရောက်မှာ ကျောက်ဖြူကနေ တနင်္သာရီမြို့ကို သွားနေတဲ့ဆိုင်ကယ်နဲ့ လမ်းလယ်ကြောမှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်၊ အဲဒီမှာ ၅ ဦးဒဏ်ရာရပြီး ဆေးရုံကြီးမှာ ကုသပေးထားရတယ် ၉ နှစ် အရွယ် သမီးငယ်တဦးကတော့နည်းနည်း စိုးရိမ်ရတဲ့ အနေထားမှာ ရှိနေပါတယ်၊ ဆိုင်ကယ်မောင်းသူနဲ့ ဘေးတွဲမောင်းသူနှစ်ဦးစလုံး ကိုအမှုဖွင့်ထားပါတယ်” လို့ ကျွဲကူးရဲကင်း စခန်းမှူး ဒုရဲအုပ်တင်ထွဋ် က ပြောပါတယ်။ ယဉ်တိုက်မှုကြောင့် ဇော်မင်းလတ် (ဆိုင်ကယ်မောင်းသူ)၊ ဦးမောင်မြင့်၊ အေးနွယ်၊ မောင်သားဖြူ(၉)နှစ်၊ အေးကလျာ( ၉ )နှစ် တို့မှာဒဏ်ရာများရရှိခဲ့ပြီး မအေးကလျာ (၉) နှစ်မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။ မြိတ်မြို့မရဲစခန်းက ယာဉ်အားမဆင်မဆင် မောင်းနှင်သူ ဇော်မင်းလတ်နဲ့ ဦးမြင့်နိုင် တို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အရေး ယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ်( မြိတ် )
4 years Ago
Up