မြိတ်မြို့ ဈေးခေါင်းရပ်ကွက်တွင် အစာအဆိပ်သင့်မှုဖြစ်

December 11, 2015

မြိတ်မြို့ ဈေးခေါင်းရပ်ကွက်တွင် အစာအဆိပ်သင့်မှုဖြစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ဈေးခေါင်းရပ်ကွက်ရှိ နေအိမ်တအိမ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်လောက်က မိသားစုတစု အမဲအူသုတ်နဲ့ ရွှေဖရုံသီးဟင်းစားရာကနေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။ အစာအဆိပ်သင့်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၆ ဦး စုစုပေါင်း ၁၁ ဦး အထက်လန်အောက်လျောရောဂါဖြစ်ပွားခဲ့လို့ မြိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသခဲ့ရတယ်လို့ ဈေးတန်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာတွေ သက်သာစပြုနေပြီဖြစ်ကြောင်း၊ ကူးစက်ရောဂါ မဟုတ်ဘဲ ရိုးရိုးဝမ်းလျောဝမ်းပျက်ဖြစ်တာကြောင့် စိုးရိမ်စရာမရှိပါဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လာရောက်ကြည့်ရှုခဲ့ပြီး လူနာ ၁ ဦးချင်းကို ထောက်ပံ့ငွေ ၁ သောင်းစီပေးသွားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကိုဘိတ်  
7 years Ago
Up