တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာမနေ့ကကျင်းပတဲ့ ငြိမ်းချမ်းရေးကွန်ရက်ဖိုရမ်ဆွေးနွေးပွဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးအတွက် ဒေသတွင်း လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ၀ိုင်းဝန်းပူးပေါင်းဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ဆရာဆိုင်းဂျွန်နဲ့ ဦးစိုင်းကျော်ညွန့်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ သတင်းအချက်အလက်တွေမျှဝေတင်ပြသွားပြီး ဦးသွင်လင်းအောင်က ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအကြောင်း၊ ဦးရန်ကျော်ကဖက်ဒရယ်အကြောင်းနဲ့ ဦးတင်ကိုကိုဦးက ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အနာဂတ်မြန်မာနိုင်ငံတော်စာတမ်း ခေါင်းစဉ်နဲ့ ဆွေးနွေးသွားပါတယ်။
သတင်း - မြတ်ထွဋ်
6 years Ago