မြိတ်မြို့တွင် အုတ်တင်ကား

February 4, 2017

မြိတ်မြို့တွင် အုတ်တင်ကား တိမ်းမှောက်၊ ၃ ဦး ဒဏ်ရာရ

မြိတ်- ထားဝယ် ကျွဲကူးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၁၁ နာရီလောက်က ကျွဲကူးဘက်ကနေ မြိတ်မြို့ကို မောင်းနှင်လာတဲ့ အုတ်တင်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါ ၃ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးခဲ့ရပါတယ်။ အုတ်တင်ကားဟာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာအနီး ဂန္ဓမာတောင်ဘုရားအရှေ့မှာ ကျွဲကူးကျေးရွာဘက်မှ မြိတ်မြို့ဘက်ကို မောင်းနင်းလာစဉ် မော်တော်ဆိုင်ကယ်တစီးအား ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့တာလို့ မျက်မြင်သက်သေ အမျိုးသားတစ်ဦးက ပြောပါတယ်။ ယာဉ်မဆင်မခြင် မောင်းနင်သူ မင်းစိုးသိန်းအား ယာဉ်(ပ) ၁၂/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ. ၃၃၇. ၃၃၈.၂၇၉ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြိတ်မြို့မရဲစခန်းရုံးမှ သိရပါတယ်။ သတင်း၊ ဇော်ဇော် (မြိတ်)
5 years Ago
Up