မြိတ်မြို့တွင် ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ ၁၀ ဦး ဒဏ်ရာရ

July 24, 2017

မြိတ်မြို့တွင် ဆိုင်ကယ်က စစ်ကားတစီးကိုဝင်တိုက်၊ လူ ၂ ဦး ဒဏ်ရာရ

မြိတ်မြို့မှာ စစ်တပ်ကားကို အရှိန်ပြင်းပြင်း မောင်းလာတဲ့ ဆိုင်ကယ်က ဝင်တိုက်တဲ့အတွက် လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လေယာဉ်ကွင်း လမ်းမကြီးအတိုင်း မြောက်က တောင်ကို ဆိုင်ကယ်နံပါတ် မပါတဲ့ Wave S အမျိုးအစား ဆိုင်ကယ်မှာ အရှိန်ပြင်းပြင်း မောင်းလာပြီး မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်တပ်ကားကို ဝင်ရောက်တိုက်မိခဲ့တာပါ။ ဆိုင်ကယ်ကို မြိတ်တောင်၊ အင်းလေးမြိုင်ရပ်ကွက်နေသူ အောင်နိုင် (၂၃-နှစ်) မောင်းနှင်ပြီး မြိတ်တောင်ကျေးရွာအုပ်စု၊ ရာပြည့်ရပ်ကွက် နေသူ နိုင်ဝင်းဌေး (၁၈-နှစ်) က နောက်က လိုက်ပါလာတာပါ။ “ဆိုင်ကယ်က ဂေါက်ကွင်းဘက်က အရှိန်နဲ့ မောင်းလာတယ်။ ရှေ့ကကားကို ကျော်အတက်မှာ အရှိန်မထိန်းနိုင်ဘဲ လေယာဉ်ကွင်းလမ်းမကြီးအတိုင်း မောင်းနှင်နေတဲ့ lanjiam အမျိုးအစား စစ်တပ်ကားရဲ့နောက်ဘီးကို အရှိန်နဲ့ ဝင်တိုက်တာပါ။ ဆိုင်ကယ်မောင်းနှင်သူ အောင်နိုင် ဝဲဘက် မျက်ခုံးကွဲဒဏ်ရာ၊ နားသွေးထွက် ဒဏ်ရာ၊ ပါးစပ်သွေးအန်ဒဏ်ရာတွေ ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေထား ဖြစ်နေပါတယ်။ ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာသူ နိုင်ဝင်းဌေးကတော့ ဝဲဒူးပွန်းပဲ့ဒဏ်ရာ၊ ဝဲဖက်ခြေထောက်ကျိုးဒဏ်ရာ၊ မျက်လုံးဖူးရောင်ဒဏ်ရာတွေ ရရှိပြီး မစိုးရိမ်ရတဲ့ အနေအထားနဲ့ ဆေးရုံကြီးမှာ ကုသပေးထားရတယ်”လို့ ဒုရဲအုပ်လှမျိုးဝေက ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဆိုင်ကယ် အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်သူ အောင်နိုင်ကို မြိတ်မြို့မရဲစခန်းက ယာဉ် (ပ) ၅၇/၂၀၁၇၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)
4 years Ago

May 3, 2016

မြိတ်မြို့တွင် ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ ၁၀ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် လေဆိပ်အနီးမှာ ဒီနေ့ နေ့လယ် ၁၁ နာရီခန့်က အလုပ်မှ ထမင်းစားပြန်လာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ အခင်းဖြစ်ပွား ရာနေရာမှာပင် ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ကျ ဆရာဝန်တွေထံက သိရပါတယ်။ ပန်းရံအလုပ်သမား ၈ ဦး တင်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ်ဟာ မြိတ်လေဆိပ်အနီး အရောက် လူ ၃ ဦး စီးနင်းလာတဲ့ ဘယ်ညာကွေ့ မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ သုံးဘီးဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ သုံးဘီးဆိုက်ပေါ်ပါ အသက် ၁၄ နှစ်အရွယ် မောင်ရန်နိုင်ထွန်း ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာတွင် ပါဝင်တဲ့ ထိခိုက်ဒဏ်ရာများရရှိသူတွေထံက သိရပါတယ်။ လက်ရှိမှာ အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့  ၁၁ ဦး အနက် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ ၃ ဦးကို အတွင်းလူနာအဖြစ် မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေရတယ်လို့ သိပါတယ်။ အဆိုပါ ဆိုင်ကယ်တိုက်မှုအတွက် မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (သတင်း - မြတ်ထွဋ်၊ မြိတ်)  
6 years Ago
Up