မြိတ်ပြည်သူ့

August 27, 2017

မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် H1N1 ရောဂါပိုးတွေ့လူနာ ၂ ဦးကို ကုသပေးနေ

မြိတ်ပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါပိုးတွေ့ အမျိုးသမီးလူနာ ၂ ယောက်ကို ကုသ ပေးနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အဖျားရောဂါ ကွင်းဆင်းစစ်ဆေးကုသရာမှာ သံသယလူနာ ၇ ယောက်ကို သွေးအမြန်စစ်ပစ္စည်း RDT နဲ့ စစ်ဆေးတဲ့အခါ Influenza A positive တွေ့ရှိခဲ့တာပါ။ တွေ့ရှိတဲ့လူနာနှစ်ယောက်ဟာ အသက် ၃၃ နှစ်အရွယ်နဲ့ အသက် ၉ နှစ်အရွယ် အမျိုးသမီးတွေဖြစ်ပြီး သက်သာနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ပြောပါတယ်။ “သြဂုတ်လ ၂၃ ရက်နေ့မှာ ဆေးရုံကြီးကိုခေါ်ယူလာတယ်။ ရန်ုကုန်ကို သွေးနမူနာ ပို့ပြီး စစ်ခိုင်း လိုက်တော့ Positive ဖြစ်ကြောင်း သြဂုတ်လ ၂၅ ရက်နေ့မှာ အဖြေရခဲ့တာပါ ဖြစ်ပါတယ်။ အခု ကူးစက်ရောဂါ ကြပ်မတ်ကုသဆောင်မှာ ကုသပေးထားပါတယ် လက်ရှိအနေထားမှာတော့ ကျန်းမာရေးကောင်းမွန်နေလို့ လာမယ့် ၂ ရက်လောက်ဆိုရင်ဆေးရုံက ဆင်းနိုင်မယ့် အနေထားပါ” လို့ ပြောပါတယ်။ ပိုးတွေ့ လူနာ ၂ ယောက်ဟာ ကျွန်းစုမြို့နယ်၊ ကမ်းမီးစပ်ကျေးရွာနဲ့ မြိတ်တောင် ကျေးရွာအုပ်စု၊ အင်္ဂမော်ရပ်ကွက်နေထိုင်သူတွေဖြစ်ပါတယ်။ ထားဝယ်မှာ ဖြစ်ခဲ့တဲ့ ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကူးစက်မလာဖို့ မြိတ်မှာ ကာကွယ်တာတွေ လုပ်ခဲ့ပြီး ထားဝယ်မှာ ရောဂါကင်းရှင်းတဲ့ အချိန်မှာ အခုလို H1N1 ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။ မြတ်ထွဋ် (မြိတ်)
4 years Ago
Up